• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ဗုဒ္ဓဟူး, ဇူလိုင် 6, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စား အထူးကိုယ်စားလှယ်၏ ထုတ်ပြန်ကြေညာချက်

9 လ ago
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စား အထူးကိုယ်စားလှယ်၏ ထုတ်ပြန်ကြေညာချက်
0
SHARES
1
VIEWS

မြန်မာနိုင်ငံ – အာဆီယံအထူးသံတမန်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပံ့ပိုးကူညီရေးနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂကိုယ်စား အထူးကိုယ်စားလှယ်၏ ထုတ်ပြန်ကြေညာချက်

အောက်တိုဘာလ ၂၆ ရက်နေ့တွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ဥရောပသမဂ္ဂ (EU) သည် ပဋိပက္ခအရှိန်အဟုန်လျှော့ချရေးလုပ်ငန်းစဉ်ကို စတင်ပြီး ဒီမိုကရေစီပြန်လည်ရရှိရေးကို ဆောင်ရွက်ရန်အလို့ငှာ လက်ရှိအကျပ်အတည်းကာလအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေလျက်ရှိသော အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများနှင့်စပ်လျဉ်း၍ ခိုင်မာပြတ်သားစွာ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပြီး မြန်မာနိုင်ငံအနေဖြင့် သဘောတူညီချက် ၅ ရပ်အတိုင်း လျင်မြန်တိကျစွာ အကောင်အထည်ဖော်ရန် လိုအပ်မှုကို အလေးပေးတင်ပြပါသည်။ EU သည် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Erywan Yusof ကို အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်သည့်အပေါ် လှိုက်လှဲစွာ လက်ခံကြိုဆိုခဲ့ပြီး အထူးသံတမန်၏ နိုင်ငံတစ်ဝှမ်းဒေသအသီးသီးရှိ အဓိကပတ်သက်ဆက်နွှယ်သူအားလုံးနှင့်သာမက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန်နှင့်ပါမိတ်ဖက်ပြုလျက် အပြုသဘောဆောင်ပြီး အားလုံးပါဝင်သော ဆွေးနွေးပွဲအား ဦးဆောင်ကျင်းပမှုကို အပြည့်အဝပံ့ပိုးကူညီရန် အသင့်ရှိနေပါသည်။


မြန်မာနိုင်ငံအနေဖြင့် အာဆီယံသဘောတူညီချက် ၅ ရပ်ကို ပြည့်စုံစွာ အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ အာဆီယံအထူးသံတမန်နှင့်အတူ အပြုသဘောဆောင်စွာ ချိတ်ဆက်ဆောင်ရွက်ရန် ဥရောပသမဂ္ဂက တောင်းဆိုပါသည်။ အာဆီယံအထူးသံတမန်က မြန်မာနိုင်ငံသို့ ပုံမှန်လာရောက်ကြည့်ရှုရာ၌ အဆင်ပြေအောင် စစ်တပ်အနေဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် ၎င်းတွေ့ဆုံလိုသည့် ပုဂ္ဂိုလ်အားလုံးနှင့်လွတ်လပ်စွာတွေ့ဆုံနိုင်စေရန် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အလေးပေးတင်ပြပါသည်။

အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲဟုဆိုရာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားအုပ်စုများ၊ နိုင်ငံရေးပါတီများနှင့် လက်ရှိအကျပ်အတည်းကာလအတွက် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဖြေရှင်းနည်းကို ရှာဖွေဖော်ထုတ်ရန် ဆုံးဖြတ်ထားသည့် ဒီမိုကရေစီလိုလားသော အခြားအင်အားစုများစသဖြင့် သက်ဆိုင်ရာပတ်သက်ဆက်နွှယ်သူအားလုံး ပါဝင်ရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂအနေဖြင့် အထူးပြောကြားလိုသည်။ ကနဦးကတည်းက အားလုံးပါဝင်ထားသော ဆွေးနွေးပွဲအစစ်အမှန်ကသာလျှင် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး ရေရှည်တည်တံ့သော အနာဂတ်ကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။

ဥရောပသမဂ္ဂသည် အများပြည်သူသေကျေပျက်စီးမှုများနှင့် နေရပ်စွန့်ခွာမှုများကိုပေါ်ပေါက်စေသည့် လက်နက်ကိုင်ပဋိပက္ခအရှိန်အဟုန်မြင့်တက်လာမှု၊ ကျေးလက်ဒေသများတွင် လက်နက်ကိုင်တပ်ဖွဲ့များ သိသိသာသာ တပ်ဖြန့်ထားမှုနှင့် တိုက်ပွဲများတိုးပွားလာမှုတို့အပေါ် အလွန်အမင်း စိုးရိမ်ပူပန်လျက်ရှိပြီး အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန်နှင့် လူ့အခွင့်အရေးများကို အပြည့်အဝလေးစားမှုရှိရန် တောင်းဆိုပါသည်။ ဥရောပသမဂ္ဂသည် မြန်မာပြည်သူပြည်သားများ၏ဘက်မှ အခိုင်အမာရပ်တည်လျက်ရှိပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အာဏာသိမ်းမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွတ်ငြိမ်းခွင့်ပြုရန်၊ စစ်မှန်သော နိုင်ငံရေးဆွေးနွေးပွဲကိုဖြစ်မြောက်အောင် ဆောင်ရွက်ရန်နှင့် နိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းအပေါ် ငြိမ်းချမ်းစွာ ပြန်လည်ရောက်ရှိစေရန်တို့ကို ထပ်လောင်းတောင်းဆိုပါသည်။ ပြည်သူအများစု၏ သဘောထားကို အလေးထားမှသာလျှင် ထိုသို့ဖြစ်မြောက်အောင်မြင်နိုင်မည်ဖြစ်သည်။
ဥရောပသမဂ္ဂသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါပျံ့နှံ့မှုထိန်းချုပ်ရေး အရေးပေါ်အကူအညီများအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များကို လူသားချင်းစာနာထောက်ထားမှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျမှုနှင့် အမှီအခိုကင်းမှုဆိုင်ရာ အခြေခံမူများနှင့်အညီ ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်သားများနှင့် ကျန်းမာရေးဝန်ထမ်းများကို ဘေးကင်းလုံခြုံမှုရှိစေရန်အပြင် နေရပ်စွန့်ခွာသူများနှင့် လိုအပ်ချက်ရှိသူများအားလုံးထံ အကူအညီများ ဘေးကင်းမြန်ဆန်၍ အဆီးအတားမဲ့စွာ လက်လှမ်းမီရောက်ရှိအောင်ဆောင်ရွက်ပေးရန် စစ်တပ်အာဏာပိုင်များကို တိုက်တွန်းပါသည်။ EU သည် အဆိုပါအကူအညီများကိုပေးအပ်ရာ၌ လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံးအပါအဝင် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေပါသည်။

European Union in Myanmar


Myanmar/Burma: declaration by the High Representative on behalf of the European Union to support the work of the ASEAN Special EnvoyAhead of the ASEAN Summit on 26 October, the European Union reiterates its strong support for ASEAN’s efforts in finding a peaceful solution to the current crisis and stresses the need for Myanmar to implement swiftly and faithfully the five-point consensus, in order to begin a process of de-escalation and return to democracy.

The EU has welcomed the appointment of the ASEAN Chair’s Special Envoy, Brunei Darussalam’s Minister of Foreign Affairs II, Erywan Yusof, and stands ready fully to support the Special Envoy in facilitating a constructive and inclusive dialogue with all key stakeholders, in all regions of the country, and in partnership with the Special Envoy of the Secretary-General of the United Nations. The European Union calls on Myanmar to engage constructively with the ASEAN Special Envoy to implement fully and completely the ASEAN Five Point Consensus.

It stresses the need for the military to facilitate regular visits to Myanmar by the ASEAN Special Envoy, and for him to be able to engage freely with all he wishes to meet.The European Union underlines that a meaningful political dialogue must include all relevant stakeholders, including the Committee Representing the Pyidaungsu Hluttaw (CRPH), the National Unity Government (NUG), ethnic groups, political parties and other pro-democracy forces committed to working towards a peaceful resolution of the current crisis. Only a truly inclusive dialogue from the outset can ensure a peaceful and sustainable future for Myanmar.The European Union is deeply concerned about the escalation of armed conflict, significant deployment of the armed forces in rural areas, and an increase in clashes, causing civilian casualties and displacement, and calls for an immediate end to the violence and the full respect of human rights.

The European Union firmly stands with the people of Myanmar/Burma and reiterates its call for the immediate and unconditional release of President Win Myint, State Counsellor Aung San Suu Kyi, and all those detained in connection with the coup, the establishment of a genuine political dialogue and a peaceful return to the country’s democratic path. This can only be achieved by respecting the will of the overwhelming majority of the people in the country. The European Union will continue to provide humanitarian assistance, in accordance with the principles of humanity, neutrality, impartiality and independence, including urgent aid to contain the outbreak of COVID-19 in the country.

It urges the military authorities to ensure rapid, safe and unhindered access to all displaced persons and people in need, including by ensuring the safety of humanitarian and health workers. The EU stands ready to cooperate with international partners, including the ASEAN Coordinating Centre for Humanitarian Assistance, to provide such aid.

European Union in Myanmar

Tags: Breaking NewsCDMEUEuropean Union in MyanmarNUGPDFSpring Revolution
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

စစ်ရေး

အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ကို တင်ဆောင်လာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ ယာဉ် ကို တိုက်ရိုက် ထိမှန် သုံးဦးပွဲချင်းပြီးသေ

ဇူလိုင် 5, 2022
အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ကို တင်ဆောင်လာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ ယာဉ် ကို တိုက်ရိုက် ထိမှန် သုံးဦးပွဲချင်းပြီးသေ

ဇူလိုင်(၅) ၊ မြင်းမူ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို တင်ဆောင်လာသည့် ယာဉ်တစီးကို ဇူလိုင်(၅)ရက် ယနေ့ ညနေခန့် က စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force...

Read more
by BNN Editor
0 Comments
စစ်ရေး

အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင် 2, 2022
အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင်(၂) ချင်းပြည်နယ် မင်းတပ် မြို့နယ် ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ယနေ့ နံနက်ပိုင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံ ပြည်သူ ၂ ဦး...

Read more
by BNN Editor
0 Comments
စစ်ရေး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင် 1, 2022
သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင်(၁) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး ကာ ဒဏ်ရာ ရရှိသူအများအပြား ရှိခဲ့ကြောင်းသိရသည်။ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူများအပါအဝင်...

Read more
by BNN Editor
0 Comments
ကျန်းမာရေး

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင် 1, 2022
ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့်  ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင်(၁)ရက် ကရင်ပြည်နယ် ဝေါလေဒေသရှိ ဥကရစ်ထစခန်းတိုက်ပွဲ သည် နှစ်ဘက် ထိတွေ့မှု ပြင်းထန်လျက်ရှိနေရာ ဒေသခံ ပြည်သူများ ထောင်နှင့်ချီ၍ စစ်ဘေးရှောင် နေရပြီး အရေးပေါ်လိုအပ်ချက်များစွာ ရှိနေကြောင်း Lay Kay Kaw Youth Network...

Read more
by BNN Editor
0 Comments
Load More
Next Post
the Rory Peck Awards ၂၀၂၁ အတွက် မြန်မာ့နွေဦးတော်လှန်ရေးသတင်းမှတ်တမ်းတွေက နေရာယူ

the Rory Peck Awards ၂၀၂၁ အတွက် မြန်မာ့နွေဦးတော်လှန်ရေးသတင်းမှတ်တမ်းတွေက နေရာယူ

မင်းအောင်လှိုင်နှင့်စစ်တပ်ခေါင်းဆောင်များကို နိုင်ငံတော်ပုန်ကန်မှုကျူးလွန်၍ တာဝန်မှ ရပ်စဲကြောင်း ကြေညာ

မင်းအောင်လှိုင်နှင့်စစ်တပ်ခေါင်းဆောင်များကို နိုင်ငံတော်ပုန်ကန်မှုကျူးလွန်၍ တာဝန်မှ ရပ်စဲကြောင်း ကြေညာ

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.