ရန်ကုန်၊ ဧပြီ ၁၁
ရန်ကုန်မြို့ မြန်မာပလာဇာရှိ Harry’s Bar မှာ ဒီနေ့ ညနေ လေးနာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားတယ်လို့ သိရပါတယ်။ ဧပြီ ၁၁ ရက် ယနေ့ ညနေပိုင်း က မြန်မာပလာဇာရှိ Harry’s Bar မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲမှုမှာ မြေညီထပ်ရှိ Harry Bar ဝင်ထွက်ပေါက်၊ မှန်တခါးအနီး၊ အဆောက်အဦးအတွင်း ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အလျား ၈ ပေ၊အနံ ၆ ပေမှန်တစ်ချပ်ကွဲကာ ပေါက်ကွဲသည့်နေရာမှ လက်ပစ်ဗုံးပင်တစ်ခုတွေ့ရှိခဲ့ကြောင်းသိရပါတယ်။
ပေါက်ကွဲမှုကြောင့် အဆောက်အဦးမှန်တွေ ကွဲအက်ခဲ့တယ်လို့ သိရပါတယ်။ ဒီပေါက်ကွဲမှု ဟာ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုမသိရသေးသလို ၊ လူထိခိုက်သေဆုံးမှု အခြေအနေကိုလည်း အတည်ပြုလို့မရသေးပါဘူး။