ရန်ကုန်၊ မတ် ၈ ။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရဲသင်တန်းကျောင်း ကို ရန်ကုန်အခြေစိုက် တော်လှန်ရေး တပ်များက ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၇ ရက်နေ့ ည ၇ နာရီအချိန်တွင် ရန်ကုန်မြို့ ၊ မြောက်ဒဂုံမြို့နယ် ၊ ၃၆ ရပ်ကွက် မြို့မရဲသင်တန်းကျောင်းကို People ‘s Force နှင့် Spring Brother Force တို့ပူးပေါင်းကာ လက်ပစ်ဗုံး ၄၀မမများ ဖြင့် ပစ်တိုက်ခိုက်ခဲ့ ကြခြင်းဖြစ်သည်။

ရဲသင်တန်းဆင်းပွဲအကြို လေ့ကျင့်ရေးလုပ်နေစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန် တိုင်းပြည်သူ့အင်အားစု People’s Force ကသတင်းထုတ်ပြန်ထားသည်။
ပစ်ခတ်တိုက်ခိုက်မှုများ နှင့် ပတ်သက်၍ သေဆုံးထိခိုက် ဒဏ်ရာရရှိမှုများ အတွက် BNN ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ဓာတ်ပုံ- ပစ်ခတ်တိုက်ခိုက်ခံရသော မြောက်ဒဂုံရဲသင်တန်းကျောင်း။