𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
အောက်တိုဘာလ ၃၁ ရက်၊ ၂၀၂၁
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဖြစ်မြောက်ရေးကော်မတီ၊ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာ ဖွင့်လှစ်ထားကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ တရားဝင်အတည်ပြု ထုတ်ပြန်ထားကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာလ ၇ရက်နေ့တွင် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာပြီးနောက်ပိုင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ထိရောက်စွာ ခုခံတွန်းလှန် ကာကွယ်ပေးနိုင်ရေးအလို့ငှာ ကာကွယ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာလအတွင်း စတင်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဥ်းများနှင့်အညီ လိုက်နာဆောင်ရွက်စေရေးအတွက် ထိန်းကွပ်ကြပ်မတ်ပေးခြင်း၊ ထိရောက်သည့် စစ်ရေးဆိုင်ရာပစ်မှတ်များ သတ်မှတ်၍ စစ်ရေးစီမံချက်များ ချမှတ်ကာ အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတွန်းလှန်ခြင်ယ၊ လက်ရှိ စစ်ဆင်ရေးဆောင်ရွက်နေသည့် အဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးပစ်မှတ်များကို စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်ကမ်းများနှင့် အညီ ခုခံတွန်းလှန်တိုက်ခိုက်မှုများနှင့် စပ်လျဥ်းသည့် အသေးစိတ် အချက်အလက်များကို ပြည်သူလူထုသိရှိစေရန် ကြေညာပေးခြင်း စသည်တို့ကို ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
▪︎ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တရားဝင်လူမှုကွန်ရက် စာမျက်နှာ
https://www.facebook.com/112325347913385/posts/112333631245890/
Source : KMY_INFO