ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းတောင်ဒဂုံ၊ မြောက်ဒဂုံ၊ အင်းစိန်၊မြောက်ဥက္ကလာ၊ ရွှေပြည်သာမြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားကြောင်း ဒေသကာကွယ်ရေးတပ်များ၏ ထုတ်ပြန်ချက်နှင့် ဒေသခံများထံ မေးမြန်းချက်များအရ သိရှိရသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၇ နာရီ အချိန် SSUG PDF(တောင်ပိုင်းပြည်သူ့ကာကွယ်ရေး အင်အားစု) အဖွဲ့က ရန်ကုန်တိုင်း၊တောင်ဒဂုံမြို့နယ်၊ ၂၅ ရပ်ကွက်၊မြိတ်လမ်းနှင့်ပုလဲရတနာလမ်းထောင့် (၂၅)ဘောလုံးကွင်းထောင့်အနားရှိ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ကင်းတဲအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများ အထိ အခိုက် ရှိနိုင်ကြောင်း SSUG PDF ၏ ပြန်ကြားရေးတာ၀န်ခံ စောဘီလူး ကပြောသည်။

အလားတူ ယခုည ၇ နာရီဝန်းကျင် အင်းစိန်မြိုနယ်နှင့် မြောက်ဥက္ကလာပမြိုနယ် တွင် ပေါက်ကွဲမှု နှစ်ကြိမ် မင်္ဂလာဒုံမြိုနယ်တွင် ည ၇ နာရီ ၄၀ မိနစ်ခန့်အချိန်၊ ရွှေပြည်သာမြိုနယ်တွင် ည ၇ နာရီ ၅၀ မိနစ်ခန့်အချိန် ပေါက် ကွဲမှုများဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
Source : KTN