အောက်တိုဘာ ၁၀
ယနေ့ အောက်တိုဘာလ ၁၀ရက်နေ့ မနက် ၆နာရီခန့်မှစတင်ကာ နေရာအနှံ့ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ရေတပ်စခန်းရှေ့တွင် မနက် ၇နာရီ ၄၅ မိနစ်ဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမူနှစ်ခုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် စစ်ကောင်စီအစောင့်တပ်သားများ ဒဏ်ရာရရှိကာ လူနာတင်ယာဥ်ဖြင့် စစ်ဆေးရုံသို့ပို့ဆောင်ခဲ့ရသည်။
ယနေ့မနက်ပိုင်းက ဒေါပုံ ၊ နွယ်အေးရပ်ကွက် ၊အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အသေအပျောက်စာရင်းကိုမူမသိရသေးပေ။ ထို့အပြင်အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၆ နာရီခွဲမှစတင်၍ ၁၅ မိနစ်ခြား၍ မြောက် ဒဂုံ ရဲစခန်းအနီးဗုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အသေအပျောက်စာရင်းကိုမူစုံစမ်းဆဲဖြစ်သည်။

လက်ရှိအချိန်သည် ရန်ကုန်မြို့ နေရာအနှံ့မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နိုင်သည့်အတွက် ပြည်သူများသတိထားသွားလာရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရဲများနှင့်ဝေးရာတွင်သာနေကြရန် ရန်ကုန်အခြေစိုက် တော်လှန်ရေးအဖွဲ့များက သတိပေးချက်များ ထုတ်ပြန်ပြီးဖြစ်သည်။
Credit – Sonemat