၃ အောက်တိုဘာ ၂၀၂၁
ရေစကြိုမြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ ရာထူးတွေကနေ အပြိုင်အဆိုင်နုတ်ထွက်နေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။

ကျေးရွာတွေက အုပ်ချုပ်ရေးမှူးအားလုံးနီးပါး နုတ်ထွက်သွားပြီး မြို့ပေါ်မှာတော့ ရပ်ကွက်တချို့က အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်သွားတာလို့မြို့ခံတွေကပြောပါတယ်။ ရေစကြို PDF က အုက်ချုပ်ရေးမှူးတွေရာထူးကထွက်ဖို့နဲ့ အကြမ်းဖက်အာဏာသိမ်းစစ်တပ်နဲ့ မပတ်သက်ဖို့ သတိပေးစာ တွေထုတ်ပြန်ထားပြီးနောက်အခုလို နုတ်ထွက်ကုန်တာလို့ မြို့ခံတွေက ပြောပါတယ်။



ရာထူးကမထွက်သေးတဲ့မြို့ပေါ်အုပ်ချုပ်ရေးမှူးတချို့ကလည်း ရာထူးကမထွက်သေးပေမယ့် နေအိမ်တွေမှာမနေကြတော့ဘူးလို့လည်း မြို့ခံတွေကပြောပါတယ်။