ရန်ကုန်၊ အောက်တိုဘာ ၁၅
လူသတ် အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဘဲ ချန်ထားရန် ယနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ချက်ချလိုက်ကြောင်း NHK သတင်းဌာန သတင်းကြေညာသည်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်ပြီးနောက် အာဆီယံနိင်ငံများဘက်က ယင်းသို့ မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတွင် ချန်လှပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အာဆီယံနိုင်ငံများ၏ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို အောက် တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။
Credit – Khit Thti Media