လေးကေကော် ၊ ဒီဇင်ဘာ ၁၅
လေးကေကော့်မြို့အတွင်း ယခု ည ၆ နာရီ ခန့်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေကြောင်း လေးကေကော် ရင်းမြစ်ထံက သိရသည်။
ယခု ညပိုင်းတွင် တိုက်ပွဲ ပြန်လည် ဖြစ်ပွားခြင်းဖြစ်ရာ မြေပြင်တိုက်ပွဲ အနေအထားရ ပြင်းထန်ကြောင်း သိရသည်။
” ခု တိုက်ပွဲက ပြင်း တယ် လက်နက်ကြီးသံ တော်တော်ာကြားနေရတယ်” ဟု လေးကေကော် တွင် စစ်ရှောင်နေရသည့် ရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် နာရီပိုင်း ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကရင်အမျိုး သား လွတ်မြောက်ရေး တပ်မတော် (KNLA) ၏ ထိုးစစ်ကို ခံနေရသည့် အပြင် အဝိုင်းခံထားရသဖြင့် လေးကေကော်မှ ပြန် လည် ထွက်ခွာခွင့် တောင်း၍ တပ်ပြန်ဆုတ်ခွာရန် စီစဉ်နေကြောင်းသတင်းများ ထွက်ပေါ်လာပြီးတွင် ယခု ကဲ့သို့ တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေခြင်းလည်းဖြစ်သည်။
BNN/LayKayKaw Source