8 Oct 2021 By MPA
International Republican Institute (IRI) မှ လာမည့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကျင်းပမည့် John McCain Freedom Award ဂုဏ်ပြု ချီးမြှင့်ပွဲမှ လစ်သူယေးနီးယား၊ မြန်မာ၊ဘယ်လာရုစ်နှင့် ကျူးဘားနိုင်ငံတို့မှ ဒီမိုကရေစီ သူရဲကောင်းများအဖြစ် ချီးမြှင့်မည်ဖြစ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုဖိတ်ကြားထားကြောင်း Freedom Award ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
International Republican Institute (IRI) မှ လာမည့် အောက်တိုဘာလ ၁၉ ရက်နေ့မှာ ကျင်းပမည့် John McCain Freedom Award ဂုဏ်ပြု ချီးမြှင့်ပွဲကို လစ်သူယေးနီးယား၊ မြန်မာ၊ဘယ်လာရုစ်နှင့် ကျူးဘားနိုင်ငံတို့မှ ဒီမိုကရေစီ သူရဲကောင်းများ ဖြစ်ကြသည့် လစ်သူယေးနီးယား ဝန်ကြီးချူပ် Ingrida Symonyte ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ဘယ်လာရုစ် နိုင်ငံရေး အကျဉ်းသားများ အတွက် ပေါင်းစည်းညှိနိုင်းရေး ကောင်စီ ကိုယ်စားလှယ် Tatsiana Khomich ၊ ကျူးဘာနှင့်ဂျာမဏီအနုပညာဆုရရှိထာသည့် Willy Chilino တို့ကို ဖိတ်ကြားထားကြောင်းသိရသည်။

အဆိုပါဆုပေးပွဲကို ရီပတ်ဗလီကင် အထက်လွတ်တော် ခေါင်းဆောင် စီနိတ်တာ Mitch McConnell, IRI ဥက္ကဌ စီနိတ်တာ Dan Sullivan၊ စီနိတ်တာ Joni Ernst ၊ စီနိတ်တာ Lindsey Graham နှင့် စီနိတ်တာ Rick Scott တို့ တက်ရောက်ကြမည်ဖြစ်သည်။
IRI သည် ၁၉၉၅ ခုနှစ်မစပြီး Freedom Award ကို ဒီမိုကရေစီတိုးတက်မှုအတွက်ကတိကဝတ်ပြုသောပုဂ္ဂိုလ်များ၊ ဒီမိုကရေစီ လွတ်လပ်မှုနှင့် လူသားလွတ်မြောက်မှု ကမ္ဘာတစ်ဝန်းရှိသန်းပေါင်းများစွာသောလူများအတွက်အခွင့်အလမ်းများကိုဖန်တီးပေးခဲ့သူများကို ဂုဏ်ပြုခြင်းဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၉ ခုနှစ်တွင် Freedom Award ကိုရရှိခဲ့သည်။
ဦးကျော်မိုးထွန်း #FreedomAward #MPA
Credit / MPA