• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

စနေ, ဇူလိုင် 2, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

အကြမ်းဖက် စစ်တပ်ကို ချေမှုန်းဖျက်သိမ်းပြီး ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းပါဝင်မည့် အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် NUCC ပြင်ဆင်နေပြီ

8 လ ago
အကြမ်းဖက် စစ်တပ်ကို ချေမှုန်းဖျက်သိမ်းပြီး ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းပါဝင်မည့် အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွက် NUCC ပြင်ဆင်နေပြီ
0
SHARES
1
VIEWS

ရန်ကုန်၊ နိုဝင်ဘာ ၁၆

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က နိုဝင်ဘာလ ၁၆ ရက် ယနေ့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး CRPH၊ NUG၊ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ/ကော်မရှင်များအား ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို အခြေပြုသည့် မူဝါဒဆိုင်ရာ ဦးဆောင်မှုပေးရန်၊ ကြီးကြပ်ထိန်းကျောင်းရန်နှင့် ပေါင်းစပ်ညှိနှိုင်းရန်အတွက် စုပေါင်းခေါင်းဆောင်မှုဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NUCC က ယနေ့ သတင်းထုတ်ပြန်သည်။

NUCC ကို ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်တွင် ကနဦးစုဖွဲ့ခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်အခြေပြုနှင့် လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီများ၊ စစ်အာဏာသိမ်းမှုကို လက်မခံသော နိုင်ငံရေးပါတီများ၊ လူငယ်၊ အမျိုးသမီးအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ အကြမ်းမဖက် အာဏာဖီဆန်လှုပ်ရှားမှု CDM ပါဝင်သူများ၊ သပိတ်ကော်မတီများ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ လူထုလူတန်းစားအလွှာအသီးသီးတို့မှ အဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့မှ ကိုယ်စားလှဘ်များဖြင့် ဖွဲ့စည်းထားကြောင်း ဖော်ပြထားသည်။

ဦးမင်းကိုနိုင်က “ စစ်ကောင်စီနဲ့ ဆွေးနွေးမှာ မဟုတ်ဘူး၊ ကျနော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံအောက်ကို ပြန်သွားမှာမဟုတ်ဘူး။ NUCC အပါအဝင် တော်လှန်ရေးအင်အားစု အများစုမှာ ကိုယ်ပိုင် Road Map (လမ်းပြမြေပုံ) ရှိတယ်၊ အဲဒါသည် လက်တွေ့လည်းကျတယ်” ဟု ဆိုသည်။

လက်ရှိအချိန်မှာ တိုင်းရင်းသား EAO ၈ ဖွဲ့လောက်က အမျိုးသားညီညွတ်ရေးအစိုးရနဲ့ပူးပေါင်းဆောင်ရွက်နေကြောင်းနှင့် ပိုမိုပါဝင်လာရေး လုပ်ဆောင်နေကြောင်း ကရင်နီအတိုင်ပင်ခံကောင်စီမှ ဦးအောင်ဆန်းမြင့်က ပြောသည်။

ဦးအောင်ဆန်းမြင့် “ လက်ရှိမှာ တိုင်းရင်းသား ၈ ဖွဲ့လောက် ပူးပေါင်းဆောင်ရွက်နေတယ်။ ကရင်၊ ကရင်နီ၊ ချင်းတွေက ပြည်နယ်အတိုင်ပင်ခံကောင်စီ ပုံစံမျိုးနဲ့ပါတယ်။ လောလောဆယ်မှာ EAO တွေ အကုန်လုံးမပါဝင်သေးတာက အကြောင်းရှိပါတယ်၊ အဖွဲ့အစည်းအသီးသီးရဲ့ နယ်မြေ ပထဝီအနေအထား၊ သက်ဆိုင်ရာအဖွဲ့တွေရဲ့ နိုင်ငံရေး ဦးတည်ချက်၊ ရည်ရွယ်ချက်တွေအပေါ် အများကြီး မူတည်ပါတယ်။ NUCC ကတော့ collective leadership နဲ့ အနာဂါတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆိုတော့၊ NUCC သွားနေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေပေါ် မူတည်ပြီးတော့ EAO တွေနဲ့ သက်ဆိုင်ရာ

ပြည်နယ်အလိုက် Joint Committee တွေဖွဲ့စည်းပြီးဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ဒီထက်ပိုများလာမယ်လို့ ပြေချင်ပါတယ်” ဟု ပြောဆိုသည်။
စစ်အာဏာရှင်ကို ဆန့်ကျင်သော ပြည်သူတစ်ရပ်လုံးအား အနှစ်သာရ ပြည့်ဝစွာကိုယ်စားပြုပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို စုပေါင်းခေါင်းဆောင်မှုဖြင့် ဖော်ဆောင်နိုင်သော အစိုးရတစ်ရပ် ပီပြင်စွာပေါ်ပေါက်လာရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ ပြည်သူ့ညီလာခံက ချမှတ်လိုက်သော မူဝါဒနှင့် မဟာဗျူဟာများကို တာဝန်ခံ အကောင်အထည်ဖော်ရေး၊ ပြည်သူ့ညီလာခံ တစ်ခုနှင့် တစ်ခုကြား မူဝါဒဆိုင်ရာ ညှိနှိုင်းလုပ်ဆောင်ခြင်းတို့အား တော်လှန်ရေးကာလတလျှောက်တွင် ကြီးကြပ်မှုပေးရန် NUCC က အဓိက လုပ်ဆောင်သွားမည်ဟု သိရှိရသည်။

လက်ရှိအချိန်တွင် ပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်ရေးရည်မှန်းချက် ပိုမိုထင်ဟပ်လာစေရန် ရည်ရွယ်၍ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပြန်လည်သုံးသပ်ပြင်ဆင်ခြင်းလုပ်ငန်းစဉ်ကို ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်နေ့မှ စတင်လုပ်ဆောင်နေပြီး ပြည်သူ့ညီလာခံတွင် အတည်ပြုသွားမည်ဟု အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ထုတ်ပြန်သည်။

ဦးလွင်ကိုလတ် က “ သိပ်မကြာခင်မှာလည်း အမျိုးသားညီညွတ်ရေး NUG အစိုးရဘက်က Bond (စာချုပ်) ကိစ္စတွေ၊ အခွန်ကိစ္စတွေ ဆောင်ရွက်နေပြီး ရံပုံငွေရရှိလာမှုပေါ်မူတည်ပြီးတော့ တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ Local PDF တွေရဲ့ လိုအပ်ချက်တွေကို အရှိန်အဟုန်နဲ့ ဖြည့်ဆည်းသွားနိုင်ဖို့ NUG ဘက်က ကြိုးစားနေမှုဟာ စပြီးတော့ အကောင်အထည်ပေါ်နေပါပြီ။NUG အစိုးရနဲ့ အခြားနိုင်ငံခြားအစိုးရဝန်ကြီးတွေနဲ့ တွေ့ဆုံမှုဟာ ၂၈ ကြိမ် ရှိပါပြီ။ အထူးသဖြင့် စစ်ကောင်စီကို အာဆီယံအစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်လိုက်တဲ့နောက် NUG နဲ့ နိုင်ငံတကာအစိုးရတွေ တွေ့ဆုံမှု ပိုများလာပါတယ်၊ ဒီလိုတွေ့ဆုံမှုတွေဟာ အသိအမှတ်ပြုမှုနဲ့ ပတ်သက်ပြီးတော့ သွယ်ဝိုက်ပြီး အသိအမှတ်ပြုတဲ့အဆင့်ကိုတော့ ရောက်ရှိနေပြီဖြစ်တယ်၊ ဒီထက်ပိုပြီးတော့ NUG အစိုးရကို နိုင်ငံတကာက အသိအမှတ်ပြုမှုရအောင်လည်း ဆက်ပြီးကြိုးစားနေပါတယ်”

Tags: Breaking NewsNUCCNUGSpring Revolution
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

စစ်ရေး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင် 1, 2022
သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင်(၁) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး ကာ ဒဏ်ရာ ရရှိသူအများအပြား ရှိခဲ့ကြောင်းသိရသည်။ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူများအပါအဝင်...

Read more
by BNN Editor
0 Comments
ကျန်းမာရေး

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင် 1, 2022
ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့်  ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင်(၁)ရက် ကရင်ပြည်နယ် ဝေါလေဒေသရှိ ဥကရစ်ထစခန်းတိုက်ပွဲ သည် နှစ်ဘက် ထိတွေ့မှု ပြင်းထန်လျက်ရှိနေရာ ဒေသခံ ပြည်သူများ ထောင်နှင့်ချီ၍ စစ်ဘေးရှောင် နေရပြီး အရေးပေါ်လိုအပ်ချက်များစွာ ရှိနေကြောင်း Lay Kay Kaw Youth Network...

Read more
by BNN Editor
0 Comments
Interview

အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး

ဇူလိုင် 1, 2022
အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး

(ဒေါက်တာတင့်ဆွေ- နိုင်ငံရေး ဝေဖန်သုံးသပ်သူ) (၃၀/ ၆/၂၀၂၂) နေပြည်တော်ကိုရောက်နေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ခရီးစဉ်အတွင်း လူသားချင်းစာနာမှုအကူအညီတွေပေးရေး သဘောတူချက်ရကောင်းရနိုင်ပေမယ့် အဲဒီအကူအညီတွေ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်နိုင်-မနိုင် မသေချာဘူးလို့ နိုင်ငံရေး ဝေဖန် သုံးသပ်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။ ၃ ရက်ကြာခရီးစဉ်အဖြစ်...

Read more
by BNN Editor
0 Comments
Interview

ယောနယ်အပါဝင် တိုင်းဒေသကြီးတွေမှာပါ ABSDF က လှုပ်ရှားနေပါတယ်

ဇွန် 28, 2022
ယောနယ်အပါဝင် တိုင်းဒေသကြီးတွေမှာပါ ABSDF က လှုပ်ရှားနေပါတယ်

(ဦးမောင်မောင်- ABSDF ယောနယ်တာဝန်ခံ) (၂၈/ ၆/၂၀၂၂) ချင်း-မကွေးနယ်စပ် ယောဒေသက စစ်သင်တန်းဆင်းပွဲတင်မကပဲ အခြားဒေသတွေမှာလည်း ABSDF တပ်တွေရှိနေတယ်။ ဒေသခံ PDF တွေနဲ့ ပူးတွဲလှုပ်ရှားနေပါတယ်လို့ ABSDF ဗဟိုကော်မီတီဝင်တဦးဖြစ်သူ ဦးမောင်မောင်ကပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ အလုပ်ရှုပ်နေပြီး...

Read more
by BNN Editor
0 Comments
Load More
Next Post
ရွှေဘိုမြို့ အခွန်ရုံးနှင့် မြဝတီဘဏ်ရှေ့ရှိ စစ်ကောင်စီ လက်နက်ကိုင်များကို PDF က ဗုံးခွဲတိုက်ခိုက်၊စစ်ကောင်စီ လက်နက်ကိုင် အနည်းဆုံး နှစ်ဦး ထိခိုက်ဒဏ်ရာရ၊

ရွှေဘိုမြို့ အခွန်ရုံးနှင့် မြဝတီဘဏ်ရှေ့ရှိ စစ်ကောင်စီ လက်နက်ကိုင်များကို PDF က ဗုံးခွဲတိုက်ခိုက်၊စစ်ကောင်စီ လက်နက်ကိုင် အနည်းဆုံး နှစ်ဦး ထိခိုက်ဒဏ်ရာရ၊

ဖမ်းဆီးခံရသော ရဲဘော်များပြန်လွှတ်ပေးမှ လမ်းဖွင့်ပေးမည်ဆိုကာ PDF Kalay တပ်ဖွဲ့ဝင်များ စစ်ကောင်စီကို ခုခံတိုက်ပွဲဝင်လျက်ရှိ

ဖမ်းဆီးခံရသော ရဲဘော်များပြန်လွှတ်ပေးမှ လမ်းဖွင့်ပေးမည်ဆိုကာ PDF Kalay တပ်ဖွဲ့ဝင်များ စစ်ကောင်စီကို ခုခံတိုက်ပွဲဝင်လျက်ရှိ

ထိပ်တန်းသတင်းများ

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

17 နာရီ ago
80

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

16 နာရီ ago
30

လှည်းတန်းပေ ၅၀ လမ်း ရှိ စျေးဆိုင်ခန်းများ ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး ၊ စျေးသည်များကို ပါးရိုက်

2 ရက် ago
218

ဆောင်းပါး

အပတ်စဉ် အစီအစဉ်များ

လှည်းတန်းပေ ၅၀ လမ်း ရှိ စျေးဆိုင်ခန်းများ ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး ၊ စျေးသည်များကို ပါးရိုက်

ဇူလိုင် 1, 2022
218
အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး
Interview

အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး

ဇူလိုင် 1, 2022
7

အဖတ်အများဆုံး

  • အမြန်လမ်း ၁၅၈ မိုင်တွင် တိုက်ပွဲ ဖြစ်ဟု သတင်းများထွက်ပေါ် – ၁၁၅ မိုင်မှစတင်၍ လမ်းများပိတ်ထား

    အမြန်လမ်း ၁၅၈ မိုင်တွင် တိုက်ပွဲ ဖြစ်ဟု သတင်းများထွက်ပေါ် – ၁၁၅ မိုင်မှစတင်၍ လမ်းများပိတ်ထား

    0 shares
    Share 0 Tweet 0
  • ရုရှားထောက်လှမ်းရေး FSB မှ ပေါက်ကြားလာသော စိတ်၀င်စားစရာ အတွင်းစကားများ

    0 shares
    Share 0 Tweet 0
  • စကစ ရဲ့ ခမရ ၄၁၄ စစ်ကြောင်းကို တောင်ကုန်းပေါ်ကနေ RPG နဲ့ လှမ်းထု(ရုပ်သံ)

    0 shares
    Share 0 Tweet 0
  • ရုရှား – ယူကရိန်း နောက်ဆက်တွဲ ထူးခြားသတင်းများ (28-2-2022)

    0 shares
    Share 0 Tweet 0
  • နျူကလီယားစစ်ပွဲကြီး မဖြစ်ဖို့ ကူညီပေးတဲ့ နိုင်ငံကြီးအဖြစ် ကမ္ဘာအလယ်မှာ ရပ်တည်မလား၊ လူတောမတိုးတော့ပဲ အထီးကျန်ပြိုကွဲရတဲ့ နိုင်ငံအဖြစ် ရပ်တည်မလား

    0 shares
    Share 0 Tweet 0
BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.