၁၂/၆/၂၀၂၂
အမေရိကန်ကာကွယ်ရေးဝန်ကြီး LIoyd Austin ဟာ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိလာပါတယ်။ စင်ကာပူမှာ ကျင်းပတဲ့ အင်ဒိုပစိတ်ဖိတ်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတက်ရောက်အပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာတာပါ။
အမေရိကန်ကာကွယ်ရေးဝန်ကြီး မလာခင်မှာ အမေရိကန်နိုင်ငံခြားရေးအကြံပေးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က ကြိုတင်လာရောက်ခဲ့ပါသေးတယ်။ စင်ကာပူဆွေးနွေးပွဲမှာ တရုတ်နိုင်ငံရဲ့ ဒေသတွင်းစစ်အင်အားတိုးချဲ့မှုတွေ ခြိမ်းခြောက်မှုတွေကို အဓိက ပြောခဲ့တဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးရဲ့ ခရီးစဥ်ဟာ တရုတ်သြဇာသက်ရောက်နိုင်တဲ့ အာဏာသိမ်းစစ်ဗိုလ်ချုပ်အုပ်ချုပ်နေတဲ့ ထိုင်းအစိုးရကို ဖိအားပေးစည်းရုံးဖို့ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ကာကွယ်ရေးဝန်ကြီးရဲ့ ခရီးစဥ်မတိုင်ခင် အကြိုလာသွားတဲ့ အမေရိကန်နိုင်ငံခြားရေးအကြံပေးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet ခရီးစဥ်မှာ နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူညီတွေပေးဖို့ ထိုင်းအစိုးရကို ဖိအားပေးဆွေးနွေးခဲ့သလို ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့အထိ သွားရောက်ခဲ့ပါတယ်။ ဒါကြောင့် အခု ကာကွယ်ရေးဝန်ကြီးခရီးစဥ်ဟာ နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာမှုဆိုင်ရာအကူညီပေးနိုင်ရေးကို တစုံတရာဖိအားပေးဖို့ ရည်ရွယ်ပုံရတယ်လို့လည်း ဆိုကြပါတယ်။ ထိုင်းအစိုးရကတော့ အခုထိ ရှင်းလင်းပြတ်သားတဲ့ အဖြေမပေးသေးသလို အာဏာသိမ်းစကစနဲ့ပါ ထိတွေ့ဆက်ဆံရမယ်ဆိုတဲ့ မှုကို ကိုင်စွဲထားဆဲဖြစ်ပါတယ်။
BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network