၂၀ အောက်တိုဘာ ၂၀၂၁
အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Jake Sullivan ဟာ အင်ဒိုနီးရှားရေကြောင်းသွားလာရေးဝန်ကြီး Luhut Pandjaitan နဲ့ ဝါရှင်တန်အချိန် အောက်တိုဘာ ၁၈ ရက်နေ့မှာတွေ့ဆုံခဲ့ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံဒေသမှာ ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ အင်ဒိုပစိဖိတ်ဒေသ ပွလင်းလွတ်ရေးနဲ့ မြန်မာနိုင်ငံအရေးတွေကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ ဆွေးနွေးချက်အပြည့်အစုံကိုတော့ ဖေါ်ပြထားတာမတွေ့ရပါဘူး။ အင်ဒိုနီးရှားဝန်ကြီးဟာ ဝါရှင်တန်ကိုမလာခင် ရက်ပိုင်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းဆွေးနွေးပွဲလုပ်ခဲ့ကြောင်း သိရပါတယ်။
BNN/International