12.10.2021(TUE)
အရာတော်မြို့နယ် မြောက်လက် ပါရမီရွာနှင့် ကြာပင်လှရွာကြားတွင် အကြမ်းဖက်စစ်တပ်ယာဉ်များကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)၏ မြောက်ပိုင်းညီနောင်များမှ ယခုတစ်မနက်ထဲ နှစ်ကြိမ်ထိ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မနက် ၅:၃၀ ခန့်က အရာတော်ဘက်မှလာ၍ ပါရမီနှင့် ကြာပင်လှကြားတွင် ဖြတ်သန်းသွားသော ရဲအရာရှိပါ ပေါင်မုန့်ကားတစ်စီးနှင့် ဆိုင်ကယ်များကို ပထမအကြိမ်မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ခေတ္တပြန်လည်ပစ်ခတ်ပြီးနောက် ထိုယာဉ်တန်းမှာ အရာတော်ဘက်သို့ ပြန်လှည့်ပြေးသွားခဲ့သည်။
မနက် ၇ နာရီခန့်တွင် ဒိုင်နာကား၊ သုံးဘီးတို့ဖြင့် ဖြတ်သန်းလာသော အကြမ်းဖက်မအလတပ်သားများကို ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဒိုင်နာကားပေါ်ရှိ စစ်သားများ ဒဏ်ရာရရှိသွားခဲ့သည်။

ဒိုင်နာကားက ထိုနေရာတွင် ရပ်တန့်ကာ အကြမ်းဖက်စစ်သားများကလည်း နေရာယူ၍ ပြန်လည်ပစ်ခတ်သေးသည်။ ခဏကြာသည်ထိ ရပ်တန့်ကာ ပြန်လည်ပစ်ခတ်ပြီးမှ ဒဏ်ရာရသူများတင်ဆောင်ကာ ဆက်လက်ထွက်ခွာသွားကြောင်း သိရှိရသည်။
ARA မြောက်ပိုင်းညီနောင်အဖွဲ့အားလုံး ဘေးအန္တရာယ်ကင်းရှင်း၍ ရန်သူ(၁၀)ဦးထက်မနည်း ကြီးကြီးမားမားထိခိုက်မှုရှိကြောင်း ARA မှ ဗိုလ်ပေါက်စီက အတည်ပြုပေးထားသည်။
အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေး