ရန်ကုန်၊ ဒီဇင်ဘာ ၉
ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း ယနေ့ည ၇ နာရီခွဲခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အောင်မင်္ဂလာ အဝေးပြေးကွင်း ၊ မော်လမြိုင်လမ်းအတွင်းရှိ၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးနှစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ပေါက်ကွဲမှု ကြောင့် အထိအခိုက် အပျက်အစီးအခြေအနေကို မသိရသေးပေ။
“ ခရီးသည် နည်းနည်း ပါးပါးရှိတယ် အခု လာစစ်တဲ့ အဖွဲ့တွေ ရောက်နေတယ်” ဟု အဝေးပြေး ဂိတ်မှ ဂိတ်မှူး တစ်ဦးက ပြောသည်။
#M21 #KTN