NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဆရာမုံရွာအောင်ရှင် ဟာ ဒီကနေ့ မနက် ၆နာရီခန့်က ကွယ်လွန်သွားတယ်လို့ စိတ်မကောင်းစွာ ကြားသိရ ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေးတာဝန်များ၊ လူထုဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးတာဝန်များကို အသက်ဆုံးတိုင် ကျေပွန်စွာဆောင် ရွက်ပေးခဲ့ သူ တစ်ဦးလည်း ဖြစ်ပါတယ်။
ဆရာကွယ်လွန်ခြင်းဟာ အစားထိုးမရနိုင်တဲ့ ဆုံးရှူံးမှု တရပ် ပါပဲ ။
ဆရာ မုံရွာအောင်ရှင်ကို ၁၉၄၅ ခုနှစ်က မုံရွာမြို့ ခိုသန်းရွာတွင် မွေးဖွားခဲ့ပြီး မုံရွာမြို့ အ.ထ.က (၂) မှ အလယ်တန်းအောင်မြင်ခဲ့သည်။

ရန်ကုန်မြို့ အ.ထ.က (၁) မင်္ဂလာ တောင်ညွှန်မှ ဆယ်တန်းအောင်မြင်ခဲ့ကာ ၁၉၆၇ ခုနှစ်တွင် ရန်ကုန် ဆရာ အတတ်သင်ကောလိပ်၌ပညာသင်ကြားခဲ့သည်။
ဆရာ မုံရွာအောင်ရှင်သည် ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
ဆရာ မုံရွာ အောင်ရှင် ကောင်းရာဘုံဘဝရောက်ရှိပါစေ။နောင် ဘ၀ဆက်တိုင်းလည်း ယခုလို အဖြစ်မျိုးတွေ မကြုံတွေပါစေနဲ့ ဆရာ။
BNN