၄/၃/၂၀၂၂
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ အထူးကိုယ်စားလှယ် Yang Yanyi ဟာ ဒီကနေ့ ဖနွမ်းပင်မြို့တော်မှာ ကမ်ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ ပြီးမြန်မာခရီးစဉ်နဲ့ ယူကရိန်းအရေး ဆွေးနွေးခဲ့ပါတယ်။
အခုလ နောက်ဆုံးအပတ်မှာ နေပြည်တော်သွားမယ့်ခရီးစဉ်နဲ့ပတ်သက်လို့ အာဆီယမ်ရဲ့ သဘောထားကို မေးခဲ့ပြီး တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ အမြန်ဆုံး ငြိမ်းချမ်းတာကို မြင်ချင်ကြောင်းပြောခဲ့တယ်ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က အာဆီယမ်သဘောတူညီချက်တွေကို အမြန်အကောင်အထည်ဖေါ်နိုင်မယ့်နည်းလမ်းတွေလည်းမေးမြန်းခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမည်မဖေါ်လိုသူ အရာရှိတဦးကပြောပါတယ်။
ကုလသမဂ္ဂညီလာခံမှာ ယူကရိန်းကို ကျုးကျော်မှုနဲ့ပတ်သက်လို့ ရုရှားကို ဆန့်ကျင်ရှုတ်ချဖို့ မဲခွဲဆုံးဖြတ်ရာမှာ ကမ်ဘောဒီးယားက ဘာကြောင့် တက်ကြွစွာပါဝင် ထောက်ခံမဲပေးခဲ့တာလည်းဆိုတာကိုလည်း ဆွေးနွေးခဲ့တယ်ဆိုပါတယ်။
အနောက်နိုင်ငံတွေက ဦးဆောင် အဆိုပြုခဲ့တဲ့ ရုရှားကျုးကျော်မှုအပေါ် ရှုတ်ချဖို့ မဲခွဲဆုံးဖြတ်ရာမှာ လာအိုနဲ့ ဗီယက်နမ်က မဲမပေးပေမယ့် အာဆီယမ်အဖွဲ့ဝင်အားလုံးက ထောက်ခံမဲပေးခဲ့တယ့် အပေါ် တရုတ်က စိုးရိမ်နေတဲ့သဘောရှိတယ်လို့လည်း သိရပါတယ်။
BNN /James ဖနွမ်းပင်