၂၇ နိုဝင်ဘာ ၂၀၂၁
အာဏာသိမ်း စစ်ကောင်စီက မီးလောင်တိုက်သွင်းခဲ့တဲ့ ချင်းပြည်နယ် ထန်တလန်မြို့ကို ကူညီဖို့ တော်လှန်ရေးရန်ပုံငွေ စျေးရောင်းပွဲကို CRPH / NUG Support Group, Norway က ဒီနေ့ ဆောင်ရွက်ပါတယ်။
အော်စလိုမြို့ Forandringshuset Grønnland! ခန်းမမှာ မွန်းတည့် ၁၂ နာရီကနေ ညနေ ၄ နာရီအထိ ကျင်းပမဲ့ ဒီစျေးရောင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါ နော်ဝေးနိုင်ငံထုတ် ရှားပါးတံဆိပ်ခေါင်းကို လေလံတင်ရောင်းချမှာပါ။
ချင်းရိုးရာအက အပါအဝင် ဖျော်ဖြေမှုတွေလဲ ပါဝင်မဲ့ ဒီစျေးရောင်းပွဲကို NUG (အမျိုးသားညီညွတ်ရေးအစိုးရ) အဖွဲ့ဝင် ဝန်ကြီးတဦးဖြစ်တဲ့ ဒေါက်တာဆာဆာ ဗီဒီယိုကတဆင့် ပါဝင် အားပေးစကား ပြောကြားပါမယ်။
BNN