မြန်မာပြည်သူတွေ ပြည်ပကကြားဝင်စေ့စပ်မှုတွေကိုမျှော်မနေနဲ့ လုပ်စရာရှိတာ လုပ်ကြ
(စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး နဲ့ Bloomberg သတင်းဌာနအင်တာဗျူးကောက်နုတ်ချက်)
၂၀ နိုဝင်ဘာ ၂၀၂၁(စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Dr. Vivian Balakrishnan ရဲ့ သံတမန်အသုံးအနုံးပြောဆိုမှုများကို ပြည်သူအမျာအတွက် ဖြည့်စွက် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်)
မြန်မာစစ်တပ်အာဏာသိမ်းလိုက်တာဟာ ဒီမိုကရေစီနောက်ပြန်လှည့်သွားတာတင်မကပါဘူး။ မြန်မာပြည်သူအားလုံးပါ အလုံးစုံပျက်စီးစေတဲ့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်ပါ။ အင်မတန်ရှက်စရာ ကောင်းတဲ့လုပ်ရပ်ပါ။မြန်မာစစ်တပ်ဟာ ပြည်ပကနေ သွားဆွေးနွေးညှိနိုင်းပေးလို့လည်း နားထောင်လက်ခံတာမဟုတ်ပါဘူး။

အာဆီယံအထူးကိုယ်စားလှယ်ရော စင်ကာပူကိုရောအထင်မကြီးပါနဲ့။ စစ်အာဏာရှင်တွေနဲ့ပတ်သက်လို့ စင်ကာပူက ဟိုတုံးကတည်းက အတွေ့အကြုံရှိခဲ့ပြီးပါပြီ။ ပြ်ည်ပက သွားဆွေးနွေးလို့ အဆင်ပြေတယ်ဆိုတာ မရှိပါဘူး။ စစ်အာဏာရှင်တွေက ဘဝင်ကိုင် အောက်ခြေလွတ်နေတဲ့ သူတွေပါ။ ပြည်တွင်းရေးဆိုတဲ့အတိုင်း မြန်မာပြည်သူတွေ ကိုယ့်အရေးကို လုပ်စရာရှိတာသာ လုပ်ကြပါ။ ပြည်ပက ကြားဝင်ဆွေးနွေးပေးတာတွေ မျှော်မနေပါနဲ့။
စင်ကာပူအနေနဲ့ကတော့ လူသားချင်းစာနာမှုအရ မြန်မာပြည်သူတွေကို ကူညီပေးနေမယ်။ နိုင်ငံရေးအရ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ ရပ်တည်ပြခဲ့တဲ့အတိုင်း ဆက်ရပ်တည်မယ်။ ဘုံသဘောတူထားတာတွေ အကောင်အထည်ဖေါ်ရင်ဖေါ် မဖေါ်ရင် အာဆီယံစင်မြင့်ထက်မှာ မအလ တက်ခွင့်ရမှာမဟုတ်ပါဘူး။