၁ ဒီဇင်ဘာ ၂၀၂၁
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် NUG ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုပဲ ဆက်လက်အသိအမှတ်ပြုဖို့ရှိတယ်လို့ ကုလသံတမန်တွေကိုကိုကားပြီး နိုင်ငံတကာသတင်းတွေမှာ ဖေါ်ပြပါတယ်။
ကိုယ်စားလှယ်နေရာအငြင်းပွါးနေတဲ့ အာဖဂန်နဲ့ မြန်မာနိုင်ငံကိစ္စကို ဒီကနေ့ ဆွေးနွေးဆုံးဖြတ်ဖို့ရှိနေပေမယ့် တာလီဘန်နဲ့မြန်မာအာဏာလုစစ်တပ်ကို နိုင်ငံတကာက ဘယ်သူကမှ အသိအမှတ်မပြုတဲ့အတွက် လက်ရှိ ကိုယ်စားလှယ်တွေကိုပဲ ဆက်လက်အသိအမှတ်ပြုမယ်ဆိုပါတယ်။
တရုတ်နဲ့ရုရှားဟာ မြန်မာစစ်တပ်နဲ့ တာလီဘန်တွေဘက်က ကူညီပြောဆိုနေပေမယ့် တရားဝင်အစိုးရအဖြစ်အသိအမှတ်မပြုရဲကြဘူးလို့ ကုလသမဂ္ဂကိုယ်စားလှယ်ရွေးချယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက BNN ကိုပြောပါတယ်။
အာဆီယံထဲက အင်ဒိုနီးရှား မလေးရှား ဖိလစ်ပိုင် စင်ကာပူနဲ့ ဘရူနိုင်းနိုင်ငံတွေက မြန်မာစစ်တပ်ကို အစိုးရအဖြစ်အသိအမှတ်မပြုသလို အာဖဂန်နဲ့ထိစပ်နေတဲ့နိုင်ငံတွေကလည်း တာလီဘန်ကို အစိုးရအဖြစ်အသိအမှတ်မပြုဘူးဆိုပါတယ်။ အဲဒီအတွက် မြန်မာစစ်တပ်ကိုယ်စားလှယ်နဲ့ တာလီဘန်ကိုယ်စားလှယ်တွေအတွက်ကုလသမဂ္ဂမှာ နေရာပေးဖို့မဖြစ်နိုင်ဘူးလို့လည်း အဆိုပါ ကုလသမဂ္ဂကိုယ်စားလှယ်စီစစ်ရွေချယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
BNN