၆ အောက်တိုဘာ ၂၀၂၁
ပိတောက်လို့ မြန်မာလိုအမည်ပေးထားတဲ့ မြန်မာ့နွေဦးတော်လှန်ရေး မှတ်တမ်းရုပ်ရှင်ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်ခန်းမမှာ အောက်တိုဘာ ၅ ရက်နေ့ မနေ့ညက ပြသခဲ့ပါတယ်။ လူ့အခွင့်အရေးမှတ်တမ်းရုပ်ရှင်တွေရိုက်ကူးတဲ့ ဒါရိုက်တာJeanne Hallacy နဲ့ Rares Michael Ghilezan တို့က ရိုက်ကူးထားတာဖြစ်ပါတယ်။


ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီး ပြည်သူတွေရဲ့ လမ်းပေါ်ကဆန္ဒပြပွဲတွေ စစ်တပ်ရဲ့အကြမ်းဖက်မှုတွေနဲ့ အမှန်တရားနဲ့ လွတ်လပ်မှုတွေအတွက် တိုက်ပွဲဝင်နေကြတဲ့ လူငယ်တွေအကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ အချိန် (၁) နာရီနီးပါးရှိတဲ့ ပိတောက်မှတ်တမ်းရုပ်ရှင်ကို ပြင်သစ်လိုဘာသာပြန်ဆိုပြီး ပဲရစ်မှာပြသခဲ့တာလို့ သိရပါတယ်။
BNN