ရေမျက်ကြီးအင်းထဲ ပျက်ကျသွားတဲ့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်
ဒီနေ့မနက်ပိုင်းက စစ်ကိုင်းတိုင်း ရေမျက်ကြီးအင်းထဲ ပျက်ကျသွားတဲ့ ဂျက်တိုက်လေယာဉ်ရဲ့ လေယာဉ်မှူး သေဆုံးသွားတယ်လို့ သိရပါတယ်။ အဲဒီပျက်ကျလေယာဉ်ရဲ့လေယာဉ်မှူးသေဆုံးသွားတယ်ဆိုတာကို တရုတ်အစိုးရပိုင် သတင်းဌာန ကို စစ်ကောင်စီပြန်ကြားရေးက ဖြေကြားထားတာပါ။
လေယာဉ်မှူးကို သေဆုံးလျှက် တွေ့ရတယ်လို့ ဖြေထားတာတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရတော့ ဒီနေ့မနက်ပိုင်း ၁၀ နာရီ ၄၃ မိနစ်လောက်မှာ လေ့ကျင့်ပျံသန်းနေတဲ့ ဂျက်တိုက်လေယာဉ်ဟာ စစ်ကိုင်းတိုင်း ၊အုန်းတောကျေးရွာရဲ့အရှေ့ဘက်မှာရှိတဲ့ ရေမျက်ကြီး အင်းထဲ ပျက်ကျသွားတယ်လို့ ဆိုထားပါတယ်။
Photo Caption :အင်းထဲပျက်ကျသွားတဲ့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ကိုတွေ့ရစဉ် Photo Caption :အင်းထဲပျက်ကျသွားတဲ့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ကိုတွေ့ရစဉ် Photo Caption :အင်းထဲပျက်ကျသွားတဲ့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ကိုတွေ့ရစဉ် Photo Caption :အင်းထဲပျက်ကျသွားတဲ့ စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ကိုတွေ့ရစဉ်
ပျက်ကျသွားတဲ့ လေယာဉ်ဟာ လေယာဉ်မှူးတစ်ဦးတည်း မောင်းနှင်တဲ့ လေယာဉ်ဖြစ်ကာ အမျိုးအစားကို တော့စစ်ကောင်စီဘက်က မထုတ်ပြန်ထားပါဘူး။
CRD people spring