မန္တလေး ၊ မတ် – ၂၆
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၇၈ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ စစ်တပ်ဝင်ပေါက်ရှေ့တွင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးနေသည့် စစ်အုပ်စုကို သေနတ်ဖြင့် ပစ်ခတ်ခြင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နံနက် (၁၁)နာရီခွဲခန့်က စစ်အုပ်စုက ဆိုင်ကယ်နှစ်စီးနှင့် လူ(၄)ယောက်အဖွဲ့ကို တားဆီးစစ်ဆေးနေစဉ် ဆိုင်ကယ်ပေါ်မှ ပစ်ခတ်မှု များကြောင့် ယာဉ်ထိန်းတပ်ဖွဲ့စု(၉၀)မှ တပ်သား ထိမှန်ခဲ့ပြီး ဆေးရုံတင်ပို့ထားကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခတ်ခဲ့သူများကို ဖမ်းဆီးခံရခြင်း ရှိမရှိနှင့် မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
MFP | #BNN