• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ကြာသပတေး, ဇူလိုင် 7, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ရဲအစောင့်အကြပ်ဖြင့် ပြုလုပ်သည့် (တိုင်းမှူး) အပါအဝင် လောင်းကစားဝိုင်း ကို PDF ဝင်ရောက်ဖမ်းဆီး

6 လ ago
ရဲအစောင့်အကြပ်ဖြင့် ပြုလုပ်သည့်   (တိုင်းမှူး) အပါအဝင် လောင်းကစားဝိုင်း ကို PDF ဝင်ရောက်ဖမ်းဆီး
0
SHARES
86
VIEWS

ပခုက္ကူ၊ ဇန်နဝါရီ ၆


မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ မြို့ရှောင်လမ်းပေါ်က ခြံတစ်ခြံတွင် ရဲ အစောင့်အကြပ်ဖြင့်ပြုလုပ်နေသည့် လောင်းကစားဝိုင်းကို မနေ့က ဝင်ရောက် စီးနင်းဖမ်းဆီးခဲ့ကြောင်း ဒေသခံ Earthquake People’s Defence Force က ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပခုက္ကူမြို့၊ မြို့ရှောင်လမ်း ခြံတခြံတွင် ရဲနှင့် လုံခြုံရေးယူဆောင်၍ (တိုင်းမှူး) အပါအဝင် လောင်းကစား ပြုလုပ်နေကြောင်း တိုင်တန်းလာ၍ ဝင်ရောက် ဖမ်းဆီး ခဲ့ကြောင်း Earthquake People’s Defence Force အဖွဲ့ထံက သိရသည်။

ထိုလောင်းကစားဝိုင်းကို စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိ၏ ရဲအစောင့်ဖြင့် ပြုလုပ်နေခြင်းဖြစ်ပြီး Young Force UG နှင့် Earthquake People’s Defence Force ပူးပေါင်းအဖွဲ့က ယမန်နေ့ညနေ သုံးနာရီအချိန်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။

သတင်းများအရ ဇန်နဝါရီလ ၅ ရက်နေ့ ၃ နာရီက PDF ၂ ဖွဲ့ပူးပေါင်း၍ ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ ခြင်းဖြစ်ပြီး လူများလွတ်‌မြောက်သွားသော်လည်း ငွေနှင့် ပစ္စည်းများ သိးမ်ဆည်းရမိိခဲ့ကြောင်း သိရသည်။
ဝင်ရောက်ဖမ်းဆီးစဉ် လောင်ကစားဝိုင်းမှ ငွေကျပ် ၂၆ သိန်းခန့် သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးအဖွဲ့အစည်းများအတွက် အသုံးပြုသွားမည်ဟု ယင်းထုတ်ပြန်ချက်ကဆိုသည်။

“ အဲဒီလောင်းကစားဝိုင်းကို သတင်းထောက်နေတာကြာပါပြီ၊ စစ်ခွေးတွေကော ရဲခွေးတွေကော ကင်းစောင့်ပေးတာလည်းကြားထားတယ်၊ မနေ့က ရဲ ၁ ယောက်ပါ သုတ်သင်ခဲ့ဖို့ပါပဲ၊ မသေချာဘူးလို့ သတင်းပေးတဲ့လူကပြောလို့ မလုပ်ခဲ့ ရတာဗျာ၊ တိုင်းပြည် ချောက်ထဲ ကျနေချိန်မှာလောင်းကစားဝိုင်းတွေ ပြုလုပ်ခြင်းအား ကျနော်တို့အနေနဲ့ (လုံးဝ)လက်ခံမှာမဟုတ်ဘူး ရဲကလွဲပြီး ကျန်တဲ့သူတွေကို ထိခိုက်စေလိုတဲ့ရည်ရွယ်ချက်မရှိပါဘူး” ဟု EPDF တာဝန်ခံ က ပြောကြားထားသည်။

ယခင်ကလည်း လောင်းကစားဝိုင်းတဝိုင်းကို ဖမ်းဆီးခဲ့ပြီး ယခုတကြိမ်ဖမ်းဆီး ရမိမှုတွင် ငွေ ၂၆ သိန်းနဲ့ ကားသော့များ သိမ်းဆည်းရမိပြီး ရဲဘော်များ အနေ ဖြင့် ဘေးကင်းရာဌာနချုပ်များဆီသို့ ပြန်လည်ရောက်ရှိ ပြီဖြစ်ကြောင်း သိရသည်။

MyayLattVoice

Tags: Breaking NewsNUGPDFSpring Revolution
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

စစ်ရေး

စစ်ကိုင်းနှင့်မ​ကွေးနယ်စပ်တိုက်ပွဲ အကြမ်းဖက် စစ်​ကောင်စီတပ် အထိနာ ရဟတ်ယာဉ်ပစ်ကူဖြင့် ဆုတ်ခွာ

ဇူလိုင် 6, 2022
စစ်ကိုင်းနှင့်မ​ကွေးနယ်စပ်တိုက်ပွဲ အကြမ်းဖက် စစ်​ကောင်စီတပ် အထိနာ ရဟတ်ယာဉ်ပစ်ကူဖြင့် ဆုတ်ခွာ

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းနယ်စပ်တွင်စစ်​ကောင်စီတပ်နှင့် ဒေသတွင်းမဟာမိတ်အဖွဲ့များ ၂နာရီ ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်က ရဟတ်ယာဉ်ပစ်ကူ ခဲ့သော်လည်း အကြမ်းဖက် စစ်သား ၂၀ ထက်မနည်း သေဆုံးနိုင်ကြောင်း Seven People Defense Force အဖွဲ့ကသတင်းထုတ်ပြန်သည်။ ထိုစစ်ကြောင်းနှင့်အတူ အထိနာခဲ့သော အကြမ်းဖက်စစ်တပ်သည်...

Read more
by BNN Editor
0 Comments
Interview

တွေ့ဆုံဆွေးနွေးရေးဆိုတဲ့စကားက သိပ်နောက်ကျနေပြီ၊ လူထုက လက်နက်ကိုင်တိုက်ပွဲဝင်နေပြီ

ဇူလိုင် 6, 2022
တွေ့ဆုံဆွေးနွေးရေးဆိုတဲ့စကားက သိပ်နောက်ကျနေပြီ၊ လူထုက လက်နက်ကိုင်တိုက်ပွဲဝင်နေပြီ

ဦးအောင်မိုးဇော်- လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNS (၆/၇/၂၀၂၂)စစ်ကောင်စီဖက်က တွေ့ဆုံဆွေးနွေးရေးအကြောင်းပြောလာတဲ့အချိန်ဟာ သိပ်နောက်ကျနေပြီဖြစ်ပြီး မြန်မာလူထုက စစ်ကောင်စီ မရှိမှ တိုင်းပြည်ငြိမ်းချမ်းမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လက်နက်ကိုင်တော်လှန်တဲ့အထိဖြစ်နေပြီလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးအောင်မိုးဇော်ကပြောပါတယ်။အာဏာသိမ်းစစ်ကောင်စီနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေ အားလုံး တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်တဲ့အပေါ် BNN...

Read more
by BNN Editor
0 Comments
စစ်ရေး

အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ကို တင်ဆောင်လာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ ယာဉ် ကို တိုက်ရိုက် ထိမှန် သုံးဦးပွဲချင်းပြီးသေ

ဇူလိုင် 5, 2022
အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ကို တင်ဆောင်လာသည့်ကား မိုင်းဆွဲ တိုက်ခိုက်ခံရ ယာဉ် ကို တိုက်ရိုက် ထိမှန် သုံးဦးပွဲချင်းပြီးသေ

ဇူလိုင်(၅) ၊ မြင်းမူ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ကို တင်ဆောင်လာသည့် ယာဉ်တစီးကို ဇူလိုင်(၅)ရက် ယနေ့ ညနေခန့် က စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ထီးဆောင်းနှင့် ကန်ဖျားဇရပ်ကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Moe Nyo Revolution Force...

Read more
by BNN Editor
0 Comments
စစ်ရေး

အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင် 2, 2022
အပြစ်မဲ့တိုင်းရင်းသားပြည်သူများအပေါ် အကြမ်းဖက် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း CDF-မင်းတပ် ထုတ်ပြန်

ဇူလိုင်(၂) ချင်းပြည်နယ် မင်းတပ် မြို့နယ် ချပ်ရွာနှင့် ဆွန်တောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ယနေ့ နံနက်ပိုင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံ ပြည်သူ ၂ ဦး...

Read more
by BNN Editor
0 Comments
Load More
Next Post
လွိုင်ကော်မြို့တွင်း တိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ် အထိနာ ၊ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရ

လွိုင်ကော်မြို့တွင်း တိုက်ပွဲ အကြမ်းဖက်စစ်ကောင်စီတပ် အထိနာ ၊ နေအိမ်အချို့ မီးရှို့ဖျက်ဆီးခံရ

လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်း ဝင်ရောက်လာ

လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်တွေ အင်အားဖြည့်တင်း ဝင်ရောက်လာ

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.