၁၈/၅/၂၀၂၂
နာမည်ကျော် ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ရှက်ဖ်ချင်ကို ကို နိုင်ငံတော်ရံပုံငွေရှာဖွေရေး အထူးသံတမန်အဖြစ် ယူကရိန်းသမ္မတဇလန်စကီး က ရွေးချယ်တာ၀န်ပေးလိုက်ပါတယ်။
ယူကရိန်းနိုင်ငံပြန်လည်ထူထောင်ရေးနဲ့ ကျူးကျော်စစ်တွန်းလှန်အောင်မြင်နိုင်ရေးနဲ့ ယူကရိန်းနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဖွဲ့စည်းထားတဲ့ United 24 ဆိုတဲ့ ယူကရိန်းနိုင်ငံတော် ရံပုံငွေရှာဖွေရေး ပရဟိတအသင်းရဲ့ သံတမန်အဖြစ် ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ရှက်ဖ်ချင်ကို သမ္မတဇလန်စကီးက ဒီကနေ့ ရွေးချယ်ခန့်အပ်လိုက်တာဖြစ်ပါတယ်။
အခုလို နိုင်ငံတော်အတွက် ကျရာနေရာက ပါ၀င်ခွင့်ရတာကို ဂုဏ်ယူကျေနပ်မိကြောင်း ရှက်ဖ်ချင်ကို က ပြောပါတယ်။ ဘောလုံးဟာ သူ့ဘ၀ဖြစ်ခဲ့ပေမဲ့ လက်ရှိမှာတော့ ဘောလုံးထက် နိုင်ငံတော် ကာကွယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးက သူ့ဘ၀ဖြစ်နေပါပြီလို့လည်း နာမည်ကျော် ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ရှက်ဖ်ချင်ကို ကပြောသွားပါတယ်
BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network