ချင်းပြည်နယ် ထန်တလန်မြို့ ၊ စျေးရပ်ကွက်တွင် ယနေ့ ဒီဇင်ဘာ ၄ရက် မနက်ပိုင်း ၉နာရီခန့်တွင် မီးလောင်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
United Pentecostal Church (UPC) ဘုရားကျောင်း မီးထဲပါသွားကြောင်း ထန်တလန်မြို့မိမြို့ဖတစ်ဦးက ပြောကြားကြောင်း ကို
The Chin Journal ဖေ့ဘွတ်ခ် စာမျက်နှာ မှာ ဖော်ပြထားပါတယ်။

“ စျေးရပ်ကွက်မှာ လောင်သွားတယ်။ အခုလည်းဆက်လောင်နေတယ်။ UPC ဘုရားကျောင်းကတော့ မီးထဲပါသွားပြီ။ မီးထဲပါသွားတဲ့ အိမ်အရေအတွက် မသိရသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကစပြီး စစ်ကောင်စီက လက်နက်ကြီးကျည်ထိမှန်မှုနဲ့ ရည်ရွယ်ချက်ရှိရှိ မီးရှို့မှုကြောင့်
ယနေ့အထိ ထန်တလန်မြို့တွင် အိမ် ၄၅၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပြီ ဖြစ်သည်။
BNN