ထောင်ဒဏ်(၁၁)နှစ်ချမှတ်ခံလိုက်ရတဲ့ အမေရိကန်သတင်းသမား Danny Fenster ကို စစ်ကောင်စီကနေ ဒီကနေ့(၁၅-၁၁-၂၀၂၁)မှာ ပြည်နှင်ဒဏ်ပြောင်းလဲပြီးတော့ လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့ အမေရိကန်သတင်းသမား Danny Fenster ဟာ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၅၀၅(က)၊ မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ – ၁၇(၁)နဲ့ လူဝင်မှုဥပဒေ ပုဒ်မ ၁၃(၁) အမှု ၃ မှုနဲ့ စစ်ကောင်စီကနေတရားစွဲပြီး နိုဝင်ဘာ(၁၁)ရက်မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူပါ။