• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ဗုဒ္ဓဟူး, ဇူလိုင် 6, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

အာဏာပြန်လွှဲပေးရုံနဲ့ မပြေလည်နိုင်တော့တဲ့ ဆူဒန်

8 လ ago
အာဏာပြန်လွှဲပေးရုံနဲ့ မပြေလည်နိုင်တော့တဲ့ ဆူဒန်
0
SHARES
1
VIEWS

၂၂ နိုဝင်ဘာ ၂၀၂၁


ဆူဒန်အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး Abdel Fattah Al-Burhan က နေအိမ်အကျဥ်းချထားတဲ့ ဝန်ကြီးချုပ်Abdalla Hamdok ကို နိုဝင်ဘာ ၂၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး မူလတာဝန်ပြန်ပေးခဲ့ပေမယ့် ဆူဒန်နိုင်ငံရေးပြသနာကို ပြေလည်သွားစေမှာမဟုတ်ဘူးလို့ ဆူဒန်အတိုက်အခံတွေကပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့က ဥပဒေနဲ့မညီတဲ့ အာဏာသိမ်းမှု ကျုးလွန်ခဲ့ပြီး ဆန္ဒပြပြည်သူတွေကို ပစ်ခတ်နှိမ်နှင်းခဲ့တဲ့ စစ်ရာဇဝတ်မှုတွအတွက် အရင်ဆုံး တရားရင်ဆိုင်ရမယ်လို့ the Forces for Freedom and Change (FFC) ဆူဒန်အတိုက်အခံအဖွဲ့ကြီးကပြောပါတယ်။

” ဝန်ကြီးချုပ်နဲ့အရပ်သားအစိုးရကို ဖမ်းချင်သလိုဖမ်း -နိုင်ငံတကာဖိအားကြောင့်ပြန်လွှတ် -ပြီးရင်အာဏာခွဲဝေရေးလုပ်” စတဲ့လုပ်ရပ်တွေဟာ ဆူဒန်မှာဘယ်တော့မှ ပြီးဆုံးမှာမဟုတ်တဲ့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ်တို့ သဘောတူတာတွေကို လက်မခံနိုင်ဘူးလို့လည်း ဆူဒန်အတိုက်အခံအဖွဲ့တွေကပြောပါတယ်။

စစ်အာဏာရှင်အဆက်ဆက်မှာ နှစ်ပေါင်း ၅၀ ကျော်ကြာနေထိုင်ခဲ့ရတဲ့ ဆူဒန်အတွက်လုံလောက်သင့်ပြီလို့လည်း အတိုက်အခံတွေက ပြောပါတယ်။ ၂၀၁၉ ခုနှစ်မှာ စစ်အာဏာရှင် Omar al-Bashir ကို စစ်တပ်ကပဲဖြုတ်ချခဲ့ပြီး စစ်တပ်နဲ့ အရပ်သား အာဏာခွဲဝေအုပ်ချုပ်ဖို့ သဘောတူခဲ့ပြီးမှ၂ နှစ်အကြာ စစ်တပ်ကပဲ ပြန်အာဏာသိမ်းတာဟာ စစ်တပ်က နိုင်ငံ့အာဏာကို အပြည့်အဝချုပ်ကိုင်ဖို့ ရည်ရွယ်တာလို့ လည်းအတိုက်အခံတွေကပြောပါတယ်။

ဆူဒန်နိုင်ငံနိုင်ငံရေးမှာ စစ်တပ်က ဘယ်တော့မှ ဝင်မရူပ်ဖို့အတွက် အခုအာဏာသိမ်းစစ်ခေါင်းဆောင်တွေကို နမူနာအနေနဲ့ တရားစီရင်ပြဖို့လိုတယ်ဆိုပါတယ်။ ဆူဒန်နိုင်ငံရဲ့အနာဂါတ်ကို အခုလမ်းပေါ်ထွက် အသေခံဆန္ဒပြနေတဲ့လူငယ်တွေကပဲဆုံးဖြတ်ခွက့်ရှိတယ်လို့ အတိုက်အခံအဖွဲ့ကြီးကပြောပါတယ်။ လမ်းမတွေပေါိက ဆူဒန်လူငယ်တွေရဲ့ သွေးတွေမခြောက်သေးသလို အဲဒီလူငယ်တွေရဲ့ အသက်သွေးတွေအတွက် အာဏာသိမ်းစစ်တပ်က တာဝန်ခံဖြေရှင်းရမယ်ဆိုပါတယ်။


အဲဒီအတွက် အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးစရာမရှိသလို အာဏာသိမ်းစစ်တပ်ပါဝင်တဲ့ သဘောတူညီချက်တွေကို လက်မခံနိုင်ဘူးလို့လည်း ဆူဒန်အတိုက်အခံညွှန့်ပေါင်းအဖွဲ့ကြီးက ထုတ်ဖေါ်ပြောဆိုထားပါတယ်။ ပြန်လွတ်လာတဲ့ ဆူဒန်ဝန်ကြီးချုပ်ကတော့ သွေးထွက်သံယိုမှုတွေဆက်မဖြစ်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ အာဏာခွဲဝေရေးသဘောတူညီချက်ကို လက်ခံခဲ့တာလို့ဆိုပါတယ်။ အာဏာခွဲဝေရေးသဘောတူညီချက်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံးပြန်လွှတ်ပေးမယ်လို့ ဆူဒန်စစ်ခေါင်းဆောင်က ပြောထားပါတယ်။ ပြည်တွင်းစစ်ဖြစ်မယ့်အရေးက ကာကွယ်ဖို့ဆိုပြီး စစ်တပ်က အောက်တိုဘာလထဲက အာဏာသိမ်းခဲ့တာပါ။ စစ်တပ်အာဏာသိမ်းလို့ဆိုပြီး အာဖရိကသမဂ္ဂကနေ ဆူဒန်ကို အဖွဲ့ဝင်နိုင်ငံအဖြစ်က ဆိုင်းငံ့ထားသလို နိုင်ငံတကာငွေကြေးအဖွဲ့တွေကလည်း အကူအညီတွေရပ်ဆိုင်းခဲ့ပါတယ်။

BNN

Tags: Abdel Fattah Al-BurhanBreaking NewsCDMchineseInterviewNUGSpring RevolutionUN
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

စစ်ရေး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင် 1, 2022
သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင်(၁) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး ကာ ဒဏ်ရာ ရရှိသူအများအပြား ရှိခဲ့ကြောင်းသိရသည်။ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူများအပါအဝင်...

Read more
by BNN Editor
0 Comments
ကျန်းမာရေး

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင် 1, 2022
ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့်  ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင်(၁)ရက် ကရင်ပြည်နယ် ဝေါလေဒေသရှိ ဥကရစ်ထစခန်းတိုက်ပွဲ သည် နှစ်ဘက် ထိတွေ့မှု ပြင်းထန်လျက်ရှိနေရာ ဒေသခံ ပြည်သူများ ထောင်နှင့်ချီ၍ စစ်ဘေးရှောင် နေရပြီး အရေးပေါ်လိုအပ်ချက်များစွာ ရှိနေကြောင်း Lay Kay Kaw Youth Network...

Read more
by BNN Editor
0 Comments
မြန်မာ့ရေးရာ

အမေရိကန်ကာကွယ်ရေးဝန်ကြီး ထိုင်းနိုင်ငံကိုရောက်လာ

ဇွန် 13, 2022
အမေရိကန်ကာကွယ်ရေးဝန်ကြီး ထိုင်းနိုင်ငံကိုရောက်လာ

၁၂/၆/၂၀၂၂ အမေရိကန်ကာကွယ်ရေးဝန်ကြီး LIoyd Austin ဟာ ဒီကနေ့ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိလာပါတယ်။ စင်ကာပူမှာ ကျင်းပတဲ့ အင်ဒိုပစိတ်ဖိတ်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတက်ရောက်အပြီး ထိုင်းနိုင်ငံကို ရောက်ရှိလာတာပါ။ အမေရိကန်ကာကွယ်ရေးဝန်ကြီး မလာခင်မှာ အမေရိကန်နိုင်ငံခြားရေးအကြံပေးနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet...

Read more
by BNN Editor
0 Comments
လူမှုဘဝ

ခိုးဆိုးလုနှိုက် တွေနဲ့ နေ့စဉ် ဘ၀များ

ဇွန် 3, 2022
ခိုးဆိုးလုနှိုက် တွေနဲ့ နေ့စဉ် ဘ၀များ

ယနေ့ အချိန်အခါသည် ပြည်သူလူထု များအနေဖြင့် စစ်တပ် အာဏာ သိမ်းပြီး ၂၀၂၁ ခုနှစ် ကတည်းက ယခု ၂၀၂၂ ခုနှစ် ရောက်သည့်တိုင် ကျီးလန့်စာစား ဘ၀များဖြင့် နေ့စဉ် ဖြတ်သန်းလျက်ရှိနေကြရသည်။ ထိုသို့ ခက်ခဲလှသော...

Read more
by BNN Editor
0 Comments
Load More
Next Post
ကွန်ဂို မှာ တရုတ်နိုင်ငံသား ၅ ဦး ပြန်ပေးဆွဲခံထားရ

ကွန်ဂို မှာ တရုတ်နိုင်ငံသား ၅ ဦး ပြန်ပေးဆွဲခံထားရ

ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မတကို ဒဲ့ ကစ်တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး

ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်သမ္မတကို ဒဲ့ ကစ်တဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.