၁၆ ဩဂုတ် ၂၀၂၁
သံရုံးကြေညာချက်မူရင်း
” လှိုင်သာယာမြို့နယ်အတွင်းကပြည်သူတွေကိုအကူအညီပေးဖို့အတွက် Myanmar Kitchen ရဲ့ကြိုးပမ်းအားထုတ်မှုကို ကူညီပံ့ပိုးတဲ့အနေနဲ့ အစားအသောက်၊ စားသုံးဆီနဲ့ ဆေးဝါးတွေကို အမေရိကန်သံရုံးကိုယ်စား ကျွန်တော်နဲ့ကျွန်တော်ရုံးက လုပ်ဖော်ကိုင်ဖက်တွေက ပေးအပ်လှူဒါန်းခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ လိုအပ်နေသူတွေကို အကူအညီပေးဖို့အတွက် ပစ္စည်းတွေကို လာရောက်ယူဆောင် ပေးတဲ့ Myanmar Kitchen ကိုလည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်။
အမေရိကန်သံအမတ်ကြီးသောမတ်စ် ဗိုက်ဒါ
လူမှုအသိုက်အဝန်းတစ်ခုအတွင်းမှာ သင်ကိုယ်တိုင်နှစ်မြှုပ်ပြီး ကမ္ဘာကြီးကိုပိုမိုကောင်းမွန်တဲ့နေရာဖြစ်ဖို့အတွက် စိတ်ရောကိုယ်ပါ လုပ်ဆောင်နေကြသူတွေနဲ့အတူပူးပေါင်းဆောင်ရွက်မှုဟာအရေးကြီးပါတယ်။ မြန်မာနိုင်ငံတစ်လွှားကလိုအပ်နေတဲ့ ပြည်သူတွေအတွက်အကူအညီတွေပေးဖို့ ပူးပေါင်းကြိုးပမ်းအားထုတ်ဆောင်ရွက်ပေးကြတဲ့ ကျွန်တော်တို့သံရုံးဝန်ထမ်းတွေအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ရပါတယ်” –