ရန်ကုန်၊ အောက်တိုဘာ ၂၆
အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့် ပိတ်ပင်ခံထားရသော ၊ မြန်မာနိုင်ငံနေရာတွင် မည်သူမှ ပါဝင်ခြင်းမရှိသော ၃၈ ကြိမ်နှင့် ၃၉ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများကို ယနေ့ နံနက်ပိုင်းတွင် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။
မင်းအောင်လှိုင်သည် ၎င်းကိုယ်တိုင်သော်လည်းကောင်း၊ ၎င်း၏ ဝန်ကြီးတစ်ပါးသော်လည်းမကောင်း အာဆီယံ ထိပ်သီး အစည်းအဝေး တက်ခွင့်မရလျှင် မတက်ဟု ထုတ်ပြန်ပြီး အာဆီယံဘက်ကမူ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးကို အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရန် ဖိတ်ကြားခဲ့သည်။ သို့ရာတွင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီက အာဆီယံ၏ အဆင့်နှိမ့်ချ ဖိတ်ခေါ်မှုကို လက်မခံ၍ မြန်မာနေရာတွင် မည်သူမှ မပါဝင်ခြင်းမရှိဘဲ အစည်းအဝေး စတင်ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ မစ္စာဂျိုးဘိုင်ဒင်က ယခု အာဆီယံ ထိပ်သီးအစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း ဘရူနိုင်း ရှိ အမေရိကန်သံရုံးကို ကိုးကား၍ ရိုက်တာက သတင်းဖော်ပြသည်။
အာဆီယံထိပ်သီးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့ အထိကျင်းပပြုလုပ်မည်ဖြစ်သည်။
အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် အာဏာကို ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံမှ လုယူပြီး ပြည်သူများကို သတ်ဖြတ် အကျဉ်းချခြင်းဖြင့် အဓမ္မ သိမ်းယူထားသည်။
Source : Khit Thit Media