၁ ဒီဇင်ဘာ ၂၀၂၁
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Ma Retno L.P. Marsudi နဲ့ ကမ်ဘောဒီးယားခေါင်းဆောင် ဟွမ်ဆမ်တို့ ဒီကနေ့ ဖနွမ်းပင်မြို့တော်မှာ မြန်မာ့အရေးဆွေးနွေးခဲ့ကြောင်း အာဆီယံသံတမန်တချို့က ပြောပါတယ်။
အင်ဒိုနိုင်ငံခြားရေးဝန်ကြီးဟာ မနေ့က ရောက်ရှိလာတာဖြစ်ပြီး အာဆီယံအလှဲ့ကျဥက္ကဌတာဝန်ယူမယ့် ကမ်ဘောဒီးယားအစိုးရနဲ့ လာရောက်ဆွေးနွေးတာလို့ဆိုပါတယ်။ ၂ နိုင်ငံဖွံဖြိုးတိုးတက်ရေးအစီအစဉ်တွေသာမက အာဆီယံနဲ့ ဒေသတွင်းအခြေအနေတွေကိုပါ ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဆွေးနွေးပွဲအသေးစိတ်ထုတ်ဖေါ်ပြောဆိုတာမရှိပေမယ့် ဘုံသဘေတူညီချက်တွေကို လိုက်နာအကောင်အထည်မဖေါ်သရွေ့ မြန်မာစစ်တပ်ခေါင်းဆောင်ကို အာဆီယံမှာ နေရာမပေးဖို့ အင်ဒိုနီးရှားရဲ့သဘောထားရပ်တည်ချက်ကို လာရောက်ရှင်းပြတာလို့ဆိုပါတယ်။ အင်ဒိုနီးရှားကို မကြာခင်ကလာရောက်သွားတဲ့ ဗြိတိန် အမေရိကန် ဩစတေးလျ ပြင်သစ် နဲ့ နယူးဇီလန်တို့ရဲ့ ရပ်တည်ချက်ကို အာဆီယံအလှည့်ကျ ဥက္ကဌကို ထပ်ဆင့်ရှင်းပြတဲ့သဘောလို့လည်း အာဆီယံသံတမန်တဦးကပြောပါတယ်။
ဇန်နဝါရီမှာ ဝါရှင်တန်မှာ ကျင်းပဖို့ရှိနေတဲ့အမေရိကန်သမ္မတနဲ့ အာဆီယံခေါင်းဆောင်တွေထိပ်သီးအစည်းအဝေးကိစ္စလည်း ဆွေးနွေးခဲ့ပုံရတယ်လို့ ဖနွမ်းပင်အခြေစိုက် အာဆီယဲံသ်တမန်တဦးက BNN ကိုပြောပါတယ်။
BNN