၂၆ အောက်တိုဘာ ၂၀၂၁
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အာဆီယံအဖွဲ့ကြီးနှင့် ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက် ဦးဘိုလှတင့် အား သံအမတ်ကြီးအဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့ က ခန့်အပ်တာဝန်ပေးအပ်လိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဦးဘိုလှတင့်သည် ၁၉၉၀ ခုနှစ်က ဒေါက်တာစိန်ဝင်းဦးဆောင်သည့် National Coalition Government of the Union of Burma (NCGUB) အစိုးရအဖွဲ့တွင် ဆောက်လုပ်ရေးဝန်ကြီး၊ သတ္တုတွင်းဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ NCGUB ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းဦးဆောင်သည့် ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖွဲ့တွင်လည်း ပါဝင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။
BNN