၁၆/၃/၂၀၂၂
ကိယက်ဗ်မြို့တော်ကို ရောက်နေတဲ့ ပိုလန်၊ ချက်နဲ့ ဆလိုဗေးနီးယားဝန်ကြီးချုပ်တွေဟာ ယူကရိန်းသမ္မတနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ယူကရိန်းကျရှုံးခန်းဟာ ဥရောပရဲ့ကျဆုံးခန်းဖြစ်မယ်ဆိုတာ ခေါင်းဆောင်အားလုံးက သဘောတူခဲ့ကြတယ်လို့ ပိုလန်ဝန်ကြီးချုပ်က ပြောပါတယ်။
ရုရှားကို ခုခံတိုက်ခိုက်နေတာဟာ ယူကရိန်းအကျိုးစီးပွါးတခုထဲအတွက်မဟုတ်ပဲ လွတ်လပ်တဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းအားလုံးအတွက်ဆိုတာ ကမ္ဘာကြီးက နားလည်လက်ခံဖို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ယူကရိန်းကျဆုံးခြင်းဟာ လွတ်လပ်တရားမျှတတဲ့ ဒီမိုကရေစီကျဆုံးခြင်းဖြစ်မယ်လို့လည်း ယူကရိန်းသမ္မတက ပြောပါတယ်။
ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြားမှာ ဥရောပကောင်စီရဲ့ အထူးကိုယ်စားလှယ်တွေအနေနဲ့ ပိုလန် ချက်နဲ့ ဆလိုဗေးကီးယားဝန်ကြီးချုပ်တွေဟာ မနေ့က ပိုလန်နယ်စပ်ကနေ ရထားနဲ့ ရောက်လာတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်တွေအဖွဲ့နဲ့အတူ လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးလည်းလိုက်ပါလာပြီး ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့ သီးသန့်ဆွေးနွေးခဲ့တယ်ဆိုပါတယ်။
ပူတင်ရဲ့ ကျုးကျော်စစ် စတင်ချိန်ကစပြီး ယူကရိန်းကို ပထမဆုံးလာတဲ့ NATO အဖွဲ့ဝင်နိုင်ငံတွေက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့လည်းဖြစ်ပါတယ်။
ပိုလန်နယ်စပ်နားကို ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်ပြီးချိန်ကစပြီး NATO အဖွဲ့ဝင်နိုင်ငံတွေကြားမှာ ရုရှားနဲ့ ဘယ်လာရုစ်ကို ပြန်လည် အင်အားပြတိုက်ခိုက်လိုတဲ့ သဘောထားတွေမြင်တွေ့နေရတယ်လို့ ဥရောပစစ်ရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ အထူးသဖြင့် ဗြိတိန် ဒိန်းမတ် ပိုလန် ရိုမေးနီးယား အက်စတိုနီးယား လစ်သူရေးနီးယား ခရိုအေးရှား ဆလိုဗေးနီးယား ချက် နယ်သာလန် နဲ့ ဘယ်လ်ဂျီယမ်နိုင်ငံတို့ဖြစ်တယ်လို့ လေ့လာသူတွေက ယူဆထားပါတယ်။
BNN/Russia Vs Ukraine War News