ယူကရိန်းနိုင်ငံ မြို့တော့်အပြင်ဘက် Irpin ဒေသမှာ သတင်းယူနေတဲ့ New York Times စစ်မြေပြင်သတင်းထောက် Brent Renaud နဲ့ အဖွဲ့ကို ရုရှားစစ်တပ်က ပြီးခဲ့တဲ့ နာရီပိုင်းကပဲ ပစ်သတ်ခဲ့ပါတယ်။ အသက်မသေပဲ ဒဏ်ရာနဲ့ထွက်ပြေးလာတဲ့ အမေရိကန်သတင်းထောက်တဦးကို ယူကရိန်းတပ်တွေက ကယ်ထုတ်ခဲ့ရတယ်ဆိုပါတယ်။
ဒဏ်ရာရ အမေရိကန်စစ်မြေပြင်သတင်းထောက်ကို ယူကရိန်းကယ်ဆယ်ရေးအဖွဲ့က သယ်ထုတ်လာစဥ်
ထွက်ပြေးလာတဲ့ ယူကရိန်းစစ်ဘေးတွေကို မှတ်တမ်းရိုက်ကူးဖို့ ပြင်နေချိန်မှာ ရုရှားတပ်တွေက ပစ်ခတ်ခဲ့တာလို့ ဒဏ်ရာရ အမေရိကန်သတင်းထောက်က ပြောပါတယ်။ Brent Renaud ကတော့ လည်ပင်းကိုပစ်ခတ်ခံရပြီး နေရာမှာပဲ ကျန်ရစ်ခဲ့တယ်ဆိုပါတယ်။ ဒဏ်ရာရ အမေရိကန်သတင်းသမားကို လောလောဆယ် အရေးပေါ်ဆေးကုသသမှုပေးနေတယ်လို့ ယူကရိန်းသတင်းတွေက ဖေါ်ပြပါတယ်။