• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ဗုဒ္ဓဟူး, ဇူလိုင် 6, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံထားရတဲ့ ရုရှားသူရဲကောာင်း ရုပ်သံထုတ်လုပ်ရေးမှူး အမျိုးသမီး

4 လ ago
နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံထားရတဲ့ ရုရှားသူရဲကောာင်း ရုပ်သံထုတ်လုပ်ရေးမှူး အမျိုးသမီး
0
SHARES
5
VIEWS

၁၅/၃/၂၀၂၂


ရုရှားအစိုးရရဲ့ နာမည်ကြီးရုပ်သံ The First ချယ်နယ် (Channel One) မှာ “စစ်ပွဲအလိုမရှိ။ လူတိုင်း ယူကရိန်းကျုးကျော်စစ်ကို ဆန့်ကျင်ကြ” လို့ စာတမ်းကိုင်ပြခဲ့တဲ့ ထုတ်လုပ်ရေးတာ၀န်ခံ Marina Ovsyannikova ကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ဖို့ ရုရှားရှေ့နေချုပ်ရုံးက တောင်းဆိုထားပါတယ်။

မနေ့ညပိုင်း သတင်းအစီအစဥ်မှာ သတင်းကြေညာသူက ပူတင်ရဲ့ ယူကရိန်းငြိမ်းချမ်းရေး အထူးစစ်ဆင်ရေး အောင်မြင်နေကြောင်း ဝါဒဖြန့်သတင်း ထုတ်လွှင့်နေချိန်မှာ ထုတ်လုပ်ရေးတာ၀န်ခံ Marina Ovsyannikova က နောက်ကနေ “စစ်ပွဲအလိုမရှိ။ ရုရှားတပ်တွေ ယူကရိန်းက ပြန်ခေါ်။ အခုပြေနေတာတွေမယုံနဲ့၊ အလိမ်အညာတွေဖြစ်တယ်။ စစ်ပွဲဆန့်ကျင်ကြောင်း လမ်းပေါ်ထွက် ကန့်ကွက်ကြပါ” လို့ ရေးထားတဲ့ စာတမ်းကို ပြသခဲ့တာဖြစ်ပါတယ်။

ရုရှားတနိုင်ငံလုံးက ကြည့်လိုက်ရတဲ့အတွက် ရုပ်သံချယ်နယ်ဒါရိုက်တာနဲ့ ဘုတ်အဖွဲ့တွေကို ချက်ချင်း ခေါ်ယူစစ်ဆ်ေးနေပြီး စာတမ်းကိုင်ပြခဲ့သူ အမျိုးသမီး၀န်ထမ်း Marina Ovsyannikova ကိုတော့ အလုပ်က ချက်ချင်းဖြုတ်ပြီး မော်စကို ထောင်ထဲကို ပို့လိုက်တာဖြစ်ပါတယ်။

Marina Ovsyannikova ဟာ စစ်ဆန့်ကျင်ရေး စာတမ်း ကိုင်မပြခင်မှာ သူ့ရဲ့ လူမူကွန်ရက် ပလက်ဖေါင်းမှာ ဗီဒီယိုကလစ် ကြိုတင်ရိုက်ကူးတင်ထားခဲ့ပါတယ်။ ကြိုတင်ရိုက်ကူးတင်ထားတဲ့ ဗီဒီယိုကလစ်မှာ ပူတင်အတွက် သတင်းအလိမ်အညာတွေ ပြောခဲ့ရတာ၊ ယူကရိန်းနဲ့ပတ်သက်လို့ ဝါဒဖြန့်သတင်းတွေ၊ အစီအစဥ်တွေ ထုတ်လွှင့်ခဲ့တဲ့အပေါ် ရုရှားပြည်သူတွေက နားလည်ခွင့်လွှတ်ပေးကြဖို့တောင်းပန်စကား ပြောထားပြီး ယူကရိန်းနဲ့ပတ်သက်လို့ ချယ်နယ်က ထုတ်လွှင့်ခဲ့တာတွေဟာ အလိမ်အညာတွေပဲဖြစ်ပါတယ်လို့ ပြောထားတာဖြစ်ပါတယ်။

သူအဖမ်းခံရပြီး နာရီပိုင်းအတွင်းမှာပဲ ရုရှားပရိသတ်ကို တောင်းပန်စကားပြောထားတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်မှာ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

(အဖမ်းမခံရခင် ပြောကြားထားသည့် ဗီဒီယိုကလစ်ဖြစ်ပါသည်။)

ဆက်စပ်သတင်း ကြည့်ရှုရန်
https://fb.watch/bLwaLWJ6Yc/

Tags: Breaking NewsRussiaUkrainewarနိုင်ငံတကာ
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

Interview

Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

ဇွန် 8, 2022
Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

BNN ၈/၆/၂၀၂၂ (Mr. X သည် မြန်မာ အပါအ၀င် အာဆီယံနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး အာဆီယံ အခြေစိုက် စီးပွါးရေး ကုမ္ပဏီကြီးတခု၌ လက်ရှိ အကြံပေးတာ၀န်ယူနေသူတဦးဖြစ်ပါသည်။) (BNN) "မြန်မာနိုင်ငံနဲ့ ယူကရိန်းအကြောင်း လွန်ခဲ့တဲ့...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

ဇွန် 3, 2022
နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

၂/၆/၂၀၂၂ ရုရှားကျူးကျော်တပ်တွေကို ခုခံနေတဲ့ ယူကရိန်းနယ်မြေခံတပ်ဖွဲ့တွေရဲ့ စိတ်ဓါတ်နဲ့ ယုံကြည်ချက်သာမက သူတို့ရဲ့ ကတုတ်ကျင်း ဖန်တီးတည်ဆောက်မှုတွေကိုပါ NATO အပါအဝင် နိုင်ငံတကာက အံ့အားသင့်လေးစားအသိအမှတ်ပြုနေကြရတယ်လို့ ဥရောပစစ်ရေးသတင်းတွေက ဖေါ်ပြပါတယ်။ မြေကတုတ်ကျင်းထဲမှာ ရေချိုးကန် အပူခန်း (Sauna) စတာတွေကို...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

မေ 31, 2022
အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

၃၀/၅/၂၀၂၂ ရုရှားမှာ စစ်သားစုဆောင်းရေးအစီအစဥ်တွေ ထင်သလိုဖြစ်မလာလို့ အကျဥ်းသားတွေကို ပြစ်ဒဏ်အစား ရှေ့တန်းထွက်စစ်မှုထမ်းဖို့ အပေးအယူလုပ်နေရတယ်လို့ လွတ်လပ်တဲ့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။ နှစ်တိုစာချုပ်နဲ့ အလုပ်လက်မဲ့လူငယ်တွေကို စစ်မှုထမ်းခိုင်းတဲ့အစီအစဥ်မအောင်မြင်သလို လူတိုင်းစစ်မှုမထမ်းမနေရဥပဒေကလည်း အောက်ခြေမှာ အကျင့်ပျက်လာဒ်စားမှုတွေကြောင့် သတ်မှတ်လူအင်အားမရဘူးဖြစ်နေတယ်ဆိုပါတယ်။ စာချုပ်အရ ရူဘယ်...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

ရုရှားရေနံတင်ပို့မှု ၃ ပုံ ၂ ပုံကျော်ကို EU က ဖြတ်တောက်မယ်

မေ 31, 2022
ရုရှားရေနံတင်ပို့မှု ၃ ပုံ ၂ ပုံကျော်ကို EU က ဖြတ်တောက်မယ်

၃၁/၅/၂၀၂၂ ရုရှားက ရေနံတင်ပို့နေမှုတွေရဲ့ ၃ ပုံ ၂ ပုံကျော်ကို ဥရောပအီးယူနိုင်ငံတွေက ပိတ်ဆို့ဖို့သဘောတူလိုက်ပြီဖြစ်ပါတယ်။ ပူတင်ရဲ့ကျူးကျော်စစ်အပေါ် ဒဏ်ခတ်တဲ့အနေနဲ့ ၆ ကြိမ်မြောက် အရေးယူပိတ် ဆို့တဲ့ အဆင့်မှာ အခုလို ရေနံတင်ပို့မှုတွေကို ပိတ်ဆို့ဖို့ဥရောပကောင်စီက မေလ...

Read more
by BNN Editor
0 Comments
Load More
Next Post
“အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော်ထောက်ပံ့မှုအကြောင်းမေးမြန်းချက် (၂)

“အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော်ထောက်ပံ့မှုအကြောင်းမေးမြန်းချက် (၂)

ကလေးအကျဉ်းထောင် စီးနင်းမှုဖြစ်ပွား

ကလေးအကျဉ်းထောင် စီးနင်းမှုဖြစ်ပွား

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.