၁၃/၃/၂၀၂၂
ပိုလန် ယူကရိန်းနယ်စပ်အနီးက Lviv မြို့ငြိမ်းချမ်းရေး လုံခြုံရေးစင်တာနဲ့ စစ်သင်တန်းကျောင်းကို ရုရှားက ဒီကနေ့မနက်က ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့ပါတယ်။
NATO က လက်နက်ထောက်ပံ့လေ့ကျင့်တဲ့နေရာဖြစ်လို့ တိုက်ခိုက်တာဖြစ်ကြောင်း ရုရှားစစ်တပ်ကပြောပါတယ်။ ရုရှားက ဒုံးကျည်နဲ့တိုက်ခိုက်တဲ့နေရာဟာ စစ်လေ့ကျင့်ရေးကျောင်းဖြစ်သလို ပိုလန်ကို ထွက်ပြေးကြမယ့် ယူကရိန်းဒုက္ခသည်တွေကို လက်ခံစစ်ဆေးတဲ့နေရာလည်းဖြစ်တယ်ဆိုပါတယ်။
ယူကရိန်းကို လက်နက်ထောက်ပံ့တဲ့ လမ်းကြောင်းမှန်သမျှကို တိုက်ခိုက်မယ်လို့ ရုရှားက မနေ့ကသတိပေးကြေညာပြီး ဒီကနေ့ ဒုံးကျည်နဲ့ တိုက်ခိုက်တာဖြစိပါတယ်။ တိုက်ခိုက်မှုကြောင့် (၉) ဦးသေဆုံးပြီး (၆၀) နီးပါး ဒဏ်ရာရတယ်လို့ သတင်းတွေကဖေါ်ပြပါတယ်။ ယူကရိန်းကျုးကျော်စစ်မှာ ပိုလန်နယ်စပ်အနီးကို ရုရှားက ပထမဆုံးတိုက်ခိုက်တာဖြစ်သလို စစ်ပွဲအရှိန်တွေပိုမြင့်လာမယ့်အခြေအနေလို့ သတင်းတွေကဖေါ်ပြပါတယ်။