၆/၃/၂၀၂၂
ရုရှားအစိုးရနဲ့ တပ်မတော်ထဲက တဦးဦးက ပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ အမေရိကန်အထက်လွှတ်တော်အမတ် Lindsey Graham ရဲ့ပြောဆိုမှုကို လက်မခံနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်သံအမတ်ကြီး John Sullivan ကို နိုင်ငံခြားရေးဝန်ကြီးရုံးကို ခေါ်ယူပြီး ဒီကနေ့ တရားဝင်ကန့်ကွက်ခဲ့တယ်ဆိုပါတယ်။ သမ္မတပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ပြောတာဟာ ရုရှားနိုင်ငံမှာ လူသိထင်ရှားအကြမ်းဖက်မှု ကျုးလွန်တာလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
(အမေရိကန်အထက်လွှတ်တော်အမတ်က အောက်ပါအတိုင်း ပြောဆိုရေးသားခဲ့တာဖြစ်ပါတယ်)
‘ဂျူးလိယက်ဆီဇာ ကို လုပ်ကြံခဲ့တဲ့ ဘရူးတပ်စ်လိုမျိုး ။ ဟစ်တလာကို လုပ်ကြံဖို့ ကျိုးစားတဲ့ နာဇီဗိုလ်မှူးကြီး Stauffenberg ထက် ပိုသာမယ့် အရာရှိမျိုး ရုရှားမှာမရှိကြဘူးလား။
အခုပြသနာတွေကို အဆုံးသတ်မယ့်နည်းလမ်းကတော့ အတွင်းလူ ရုရှားတယောက်က ဒီပုဂ္ဂိုလ်(ပူတင်) ကို ရှင်းပစ်လိုက်တဲ့နည်းပဲ။
အဲဒီရုရှားဟာ ရုရှားနိုင်ငံအတွက်ရော ကမ္ဘာကြီးအတွက်ရော အကောင်းဆုံးနဲ့ အမြင့်မြတ်ဆုံးတာဝန်ထမ်းဆောင်ပေးခြင်းဖြစ်မယ်”
( အမေရိကန် ဆီနိတ်တာ Lindsey Graham )