၁ မတ်လ ၂၀၂၂
ရုရှားသမ္မတရဲ့ အထူးစစ်ဆင်ရေးကာလမှာ ပြည်တွင်းမငြိမ်မသက်ဖြစ်နေအောင်လှုံ့ဆော်သွေးထိုးနေသူတွေကို အမည်နဲ့တကွဖေါ်ထုတ်ဖမ်းဆီးအရေးယူဖို့ ရုရှားအထူးစုံစမ်းစစ်ဆေးရေးဌာနညွှန်ချုပ်က စုံစမ်းထောက်လှမ်းရေးအဖွဲ့အားလုံးကို ညွှန်ကြားထားတယ်လို့ မော်စကိုက သတင်းတွေမှာ ဖေါ်ပြပါတယ်။

အလားတူ ယူကရိန်းမှာ ရုရှားတပ်တွေကို မိုလိုတော့ဗ်ဗုံးတွေနဲ့ တိုက်ခိုက်နေတဲ့ မြို့တွေနဲ့ ဗုံးလုပ်သူတွေကို ရုရှားတပ်တွေနဲ့လက်တွဲပြီး ရှာဖွေစုံစမ်းဖို့ ရုရှားနိုင်ငံတကာစုံစမ်းရေးအဖွဲ့တွေကို ညွှန်ကြားထားတယ်ဆိုပါတယ်။
ယူကရိန်းမှာ အဖမ်းခံထားရတဲ့ ရုရှားစစ်သားပုံတွေကို လူမှုကွန်ယက်ပေါ်မှာ တင်နေတဲ့ ယူကရိန်းနိုင်ငံသားတွေကို သေချာစုံစမ်းစာရင်းလုပ်ထားဖို့လည်း ညွှန်ကြားထားတယ်ပြောပါတယ်။
ရုရှားအနေနဲ့ ယူကရိန်းကိုသိမ်းပိုက်ပြီးချိန်မှာ ပူတင်အပေါ် ဆန့်ကျင်သူအားလုံးကို ရှာဖွေ ဖမ်းဆီးအရေးယူဖို့အဆင့်ထိ ပြင်ဆင်နေတာလို့ မော်စကိုအခြေစိုက် လွတ်လပ်တဲ့ရုရှားသတင်းထောက်တွေက ပြောပါတယ်။