• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

စနေ, ဇူလိုင် 2, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ရုရှားကို ကူညီဖို့ တရုတ်အစိုးရက ဝါဒဖြန့်ဟောပြောပွဲတွေ စတင်

3 လ ago
ရုရှားကို ကူညီဖို့ တရုတ်အစိုးရက ဝါဒဖြန့်ဟောပြောပွဲတွေ စတင်
0
SHARES
11
VIEWS

၂၅/၃/၂၀၂၂


ရုရှားက ယူကရိန်းကို ၀င်တိုက်တာဟာ ကျုးကျော်တာမဟုတ်ပဲ ယူကရိန်းပြည်သူတွေကို ခေတ်သစ် နာဇီအစိုးရအောက်က လွတ်မြောက်ဖို့ ကူညီတဲ့စစ်ပွဲဆိုတာကို တရုတ်တက္ကသိုလ် ကောလိပ်နဲ့ အထက်တန်းကျောင်းတွေမှာ ဝါဒဖြန့်ဟောပြောပွဲတွေစတင်နေကြောင်း တရုတ်ပါမောက္ခတွေက ပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီညွှန်ကြားချက်အရဆိုပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးအကြံပေးတွေက တနိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်၊ ကောလိပ်နဲ့ အထက်တန်းကျောင်းတွေကို “ အတွေးအမြင်မမှားမိစေနဲ့ ” ဆိုတဲ့ ခေါင်းစဥ်နဲ့ လိုက်လံဟောပြောနေတယ်ဆိုပါတယ်။ အဆိုပါ ဟောပြောပွဲတွေကို ဆရာဆရာမတွေ မတက်မနေရ တက်ရောက်နားထောင်ဖို့ သက်ဆိုင်ရာ ဒေသခံအာဏပိုင်တွေက အမိန့်ထုတ်ထားတယ်လို့လည်း ပြောပါတယ်။

ဟောပြောပွဲတွေကို အကြောင်းပြချက်ခိုင်လုံအောင်မပြနိုင်ပဲ မတက်ရောက်သူတွေကို အလုပ်ထုတ်တာအထိ အရေးယူနိုင်ကြောင်းလည်း အဆိုပါအမိန့်တွေမှာ ဖေါ်ပြထားတယ်ဆိုပါတယ်။
တချို့ဒေသတွေက ဟောပြောပွဲတွေကို တရုတ်လို ထုတ်လွှင့်တဲ့ သတင်းဌာနတွေမှာ တိုက်ရိုက်ထုတ်လွှင့်ပြသနေတယ်လို့လည်း နိုင်ငံတကာသတင်းထောက်တွေက ပြောပါတယ်။
အဓိက လိုက်လံပြောဆိုတဲ့အထဲမှာ ရုရှားအစိုးရကပြောနေသလိုပဲ အချက် ၄ချက် ပါ၀င်တယ်ပြောပါတယ်။

ပထမအချက်ကတော့ ယူကရိန်းအစိုးရဟာ အဂတိလိုက်စားတဲ့ အစိုးရဖြစ်သလို ရုရှားစကားပြော ယူကရိန်း ၁ သောင်းကျော်ကို သတ်ဖြတ်ခဲတဲ့ နာဇီအစိုးရဖြစ်လို့ ရုရှားက ၀င်တိုက်ကူညီပေးရတယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ အမေရိကန်နဲ့ NATO က ရုရှားကို ဟန့်တားပိတ်ဆို့ဖို့ အဖွဲ့၀င်နိုင်ငံတွေ တိုးချဲ့ဖို့ လုပ်လာသလို ယူကရိန်းကို အဖွဲ့၀င်နိုင်ငံအဖြစ် လက်ခံဖို့ ပြင်လာတဲ့အတွက် ရုရှားဟာ သူ့ရပ်တည်ရှင်သန်ရေးအတွက် ဆင်နွဲရတဲ့ တိုက်ပွဲဆိုပါတယ်။

တတိယအချက်ကတော့ အမေရိကန်ဟာ ဥရောပကို နယ်ချဲ့ထိမ်းချုပ်လိုတဲ့အတွက် ယူကရိန်းကို ဒေါ်လာဘီလျံချီပေးပြီး ရုရှားကို ခုခံတိုက်ခိုက်ဖို့ မြှောက်ပင့်ပေးခဲ့သလို ကျန် ဥရောပနိုင်ငံတွေကိုပါ မကူမနေရဖြစ်အောင်တွန်းပို့နေခဲ့ပြီး တဖက်မှာ ရုရှားကိုလည်း ယူကရိန်းကို မတိုက်မနေရအခြေအနေရောက်အောင် ဖန်တီးခဲ့တယ်ဆိုပါတယ်။

နောက်ဆုံးအချက်ကတော့ ရုရှားဟာ အမေရိကန်ခြေလှမ်းတွေကို မြင်လို့ သံတမန်နည်းနဲ့ဖြေရှင်းဖို့ အကြိမ်ကြိမ်ကျိုးစားခဲ့ပေမယ့် အမေရိကန်က လက်မခံပဲ တင်းခံခဲ့လို့ ရုရှားနိုင်ငံလုံခြုံရေးအရ ယူကရိန်းကို၀င်တိုက်ခဲ့ရတာလို့ ပါရှိပါတယ်။

နိဂုံးချုပ်မှာ ရုရှားက ယူကရိန်းကို၀င်တိုက်တာဟာ ကျုးကျော်စစ်မဟုတ်ပဲ တရားမျှတတဲ့စစ်ပွဲဖြစ်လို့ ကျောင်းသူကျောင်းသားတွေကို အတွေးမှားတွေ မ၀င်မိဖို့ ဆရာဆရာမတွေက သင်ကြားပို့ချရမယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ နိုင်ငံတကာနဲ့ထိတွေ့ဆက်ဆံမှုမရှိတဲ့ တရုတ်နိုင်ငံသားတွေက တရုတ်အစိုးရပြောသလို အစိုးရပိုင်သတင်းဌာနတွေက ထုတ်လွှင့်နေတာကိုပဲ ယုံကြည်ကြပေမယ့် နိုင်ငံတကာနဲ့ ထိစပ်နေသူတွေ၊ နိုင်ငံတကာသတင်းတွေကို စောင့်ကြည့်သူလူငယ်တွေက ရုရှားဟာ ယူကရိန်းကို မတရားကျုးကျော်တိုက်ခိုက်နေတယ်ဆိုတဲ့အမြင်ရှိနေတယ်ဆိုပါတယ်။ တရုတ်အစိုးရအနေနဲ့ ရုရှားကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ စစ်ရေးစီးပွါးရေးကူညီပေးမယ်ဆိုရင် ပြည်တွင်းမှာ တရုတ်ပြည်သူတွေရဲ့ ကန့်ကွက်မှုတွေနဲ့ရင်ဆိုင်ရမှာကို စိုးရိမ်နေတဲ့အတွက် ပထမအဆင့်အနေနဲ့ ကျူးကျော်စစ်မဟုတ်ဘူးဆိုတာကို တရုတ်ပြည်သူတွေကြားမှာ ကျိုးစားဝါဒဖြန့်နေတာလို့ ဘီဂျင်းအခြေစိုက်သံတမန်တချို့က ပြောပါတယ်။ တရုတ်အစိုးရရဲ့ အခုလို လုပ်ရပ်တွေကို အမေရိကန် အနောက်နိုင်ငံတွေနဲ့ ယူကရိန်းကလည်း သိထားပြီး စောင့်ကြည့်နေတယ်ဆိုပါတယ်။

တရုတ်တက္ကသိုလ်နဲ့ အထက်တန်းကျောင်းတချို့က ဆရာဆရာမတွေကတော့ အလုပ်တွေက နုတ်ထွက်သွားကြသလို တချို့က နုတ်ထွက်လွှာတွေတင်ထားတယ်လို့လည်း တရုတ်လူမှုကွန်ယက်တွေမှာ ဖေါ်ပြနေပါတယ်။

Tags: Breaking Newschinese
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

Interview

Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

ဇွန် 8, 2022
Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

BNN ၈/၆/၂၀၂၂ (Mr. X သည် မြန်မာ အပါအ၀င် အာဆီယံနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး အာဆီယံ အခြေစိုက် စီးပွါးရေး ကုမ္ပဏီကြီးတခု၌ လက်ရှိ အကြံပေးတာ၀န်ယူနေသူတဦးဖြစ်ပါသည်။) (BNN) "မြန်မာနိုင်ငံနဲ့ ယူကရိန်းအကြောင်း လွန်ခဲ့တဲ့...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

ဇွန် 3, 2022
နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

၂/၆/၂၀၂၂ ရုရှားကျူးကျော်တပ်တွေကို ခုခံနေတဲ့ ယူကရိန်းနယ်မြေခံတပ်ဖွဲ့တွေရဲ့ စိတ်ဓါတ်နဲ့ ယုံကြည်ချက်သာမက သူတို့ရဲ့ ကတုတ်ကျင်း ဖန်တီးတည်ဆောက်မှုတွေကိုပါ NATO အပါအဝင် နိုင်ငံတကာက အံ့အားသင့်လေးစားအသိအမှတ်ပြုနေကြရတယ်လို့ ဥရောပစစ်ရေးသတင်းတွေက ဖေါ်ပြပါတယ်။ မြေကတုတ်ကျင်းထဲမှာ ရေချိုးကန် အပူခန်း (Sauna) စတာတွေကို...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

မေ 31, 2022
အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

၃၀/၅/၂၀၂၂ ရုရှားမှာ စစ်သားစုဆောင်းရေးအစီအစဥ်တွေ ထင်သလိုဖြစ်မလာလို့ အကျဥ်းသားတွေကို ပြစ်ဒဏ်အစား ရှေ့တန်းထွက်စစ်မှုထမ်းဖို့ အပေးအယူလုပ်နေရတယ်လို့ လွတ်လပ်တဲ့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။ နှစ်တိုစာချုပ်နဲ့ အလုပ်လက်မဲ့လူငယ်တွေကို စစ်မှုထမ်းခိုင်းတဲ့အစီအစဥ်မအောင်မြင်သလို လူတိုင်းစစ်မှုမထမ်းမနေရဥပဒေကလည်း အောက်ခြေမှာ အကျင့်ပျက်လာဒ်စားမှုတွေကြောင့် သတ်မှတ်လူအင်အားမရဘူးဖြစ်နေတယ်ဆိုပါတယ်။ စာချုပ်အရ ရူဘယ်...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

ရုရှားရေနံတင်ပို့မှု ၃ ပုံ ၂ ပုံကျော်ကို EU က ဖြတ်တောက်မယ်

မေ 31, 2022
ရုရှားရေနံတင်ပို့မှု ၃ ပုံ ၂ ပုံကျော်ကို EU က ဖြတ်တောက်မယ်

၃၁/၅/၂၀၂၂ ရုရှားက ရေနံတင်ပို့နေမှုတွေရဲ့ ၃ ပုံ ၂ ပုံကျော်ကို ဥရောပအီးယူနိုင်ငံတွေက ပိတ်ဆို့ဖို့သဘောတူလိုက်ပြီဖြစ်ပါတယ်။ ပူတင်ရဲ့ကျူးကျော်စစ်အပေါ် ဒဏ်ခတ်တဲ့အနေနဲ့ ၆ ကြိမ်မြောက် အရေးယူပိတ် ဆို့တဲ့ အဆင့်မှာ အခုလို ရေနံတင်ပို့မှုတွေကို ပိတ်ဆို့ဖို့ဥရောပကောင်စီက မေလ...

Read more
by BNN Editor
0 Comments
Load More
Next Post
ဗြိတိန်ရဲ့ Statstreak လေယာဥ်ပစ်ဒုံးကျည်တွေ ယူကရိန်းမှာ စတင်အသုံးပြုတော့မည်

ဗြိတိန်ရဲ့ Statstreak လေယာဥ်ပစ်ဒုံးကျည်တွေ ယူကရိန်းမှာ စတင်အသုံးပြုတော့မည်

ရုရှားအစိုးရက ဘာတွေပြောနေလဲ

ရုရှားအစိုးရက ဘာတွေပြောနေလဲ

ထိပ်တန်းသတင်းများ

လှည်းတန်းပေ ၅၀ လမ်း ရှိ စျေးဆိုင်ခန်းများ ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး ၊ စျေးသည်များကို ပါးရိုက်

1 ရက် ago
215

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

4 နာရီ ago
65

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

3 နာရီ ago
24

ဆောင်းပါး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်
စစ်ရေး

သေ့ဘောဘိုးစစ်ရှောင်စခန်း အနီးကို အကြမ်းဖက် စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲ တိုက်ခိုက် ၊ မြစ်ကမ်းအနီးနေထိုင်ကြသည့် ထိုင်းပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်

ဇူလိုင် 1, 2022
24
ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့်  ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်
ကျန်းမာရေး

ဥကရစ်ထ စခန်းတိုက်ပွဲ ကြောင့် ဒေသခံ ထောင်ချီ စစ်ဘေးတိမ်းရှောင်

ဇူလိုင် 1, 2022
65
လှည်းတန်းပေ ၅၀ လမ်း ရှိ စျေးဆိုင်ခန်းများ ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး ၊ စျေးသည်များကို ပါးရိုက်
အပတ်စဉ် အစီအစဉ်များ

လှည်းတန်းပေ ၅၀ လမ်း ရှိ စျေးဆိုင်ခန်းများ ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီး ၊ စျေးသည်များကို ပါးရိုက်

ဇူလိုင် 1, 2022
215
အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး
Interview

အာဆီယံက ပေးမယ့်အကူအညီ ဒုက္ခသည်အစစ်အမှန်တွေဆီ ရောက်မရောက် မသေချာဘူး

ဇူလိုင် 1, 2022
7

အဖတ်အများဆုံး

  • အမြန်လမ်း ၁၅၈ မိုင်တွင် တိုက်ပွဲ ဖြစ်ဟု သတင်းများထွက်ပေါ် – ၁၁၅ မိုင်မှစတင်၍ လမ်းများပိတ်ထား

    အမြန်လမ်း ၁၅၈ မိုင်တွင် တိုက်ပွဲ ဖြစ်ဟု သတင်းများထွက်ပေါ် – ၁၁၅ မိုင်မှစတင်၍ လမ်းများပိတ်ထား

    0 shares
    Share 0 Tweet 0
  • ရုရှားထောက်လှမ်းရေး FSB မှ ပေါက်ကြားလာသော စိတ်၀င်စားစရာ အတွင်းစကားများ

    0 shares
    Share 0 Tweet 0
  • စကစ ရဲ့ ခမရ ၄၁၄ စစ်ကြောင်းကို တောင်ကုန်းပေါ်ကနေ RPG နဲ့ လှမ်းထု(ရုပ်သံ)

    0 shares
    Share 0 Tweet 0
  • ရုရှား – ယူကရိန်း နောက်ဆက်တွဲ ထူးခြားသတင်းများ (28-2-2022)

    0 shares
    Share 0 Tweet 0
  • နျူကလီယားစစ်ပွဲကြီး မဖြစ်ဖို့ ကူညီပေးတဲ့ နိုင်ငံကြီးအဖြစ် ကမ္ဘာအလယ်မှာ ရပ်တည်မလား၊ လူတောမတိုးတော့ပဲ အထီးကျန်ပြိုကွဲရတဲ့ နိုင်ငံအဖြစ် ရပ်တည်မလား

    0 shares
    Share 0 Tweet 0
BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.