၆/၃/၂၀၂၂
ပူတင်နဲ့ ယူကရိန်းကျုးကျော်စစ်ကို ထောက်ခံတဲ့အနေနဲ့ ပူတင်ရဲ့ United Russia ပါတီက ပါတီ၀င်တချို့က မော်စကိုမြို့တော်မှာ ပါတီအလံနဲ့ နိုင်ငံတော်အလံလွှင့်ထူပြီး ကားတွေနဲ့ အင်အားပြခဲ့ကြောင်း မော်စကိုကလာတဲ့ သတင်းတွေက ဖေါ်ပြပါတယ်။
စစ်ဆန့်ကျင်သူတွေလို လမ်းလျှောက်ထောက်ခံတာမျိူးတော့ မလုပ်ရဲသေးဘူးလို့သိရပါတယ်။ ရုရှားနိုင်ငံမှာ ဒီကနေ့ မော်စကိုအပါအ၀င် မြို့ကြီး ၃၀ ကျော်မှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားမူတွေဖြစ်ခဲ့ပြီး ဒီကနေ့အထိ လူပေါင်း ၃ ထောင်ကျော် ဖမ်းဆီးခံထားရတယ်လို့လည်း ရုရှားသတင်းတွေမှာ ဖေါ်ပြပါတယ်။