၁၄/၃/၂၀၂၂
ဗြိတိန်အစိုးရရဲ့ ပိတ်ဆို့မှုစာရင်းမှာ ပါတဲ့ ရုရှားခေတ်ပျက်သူဌေး Oleg Deripsaka ရဲ့ လန်ဒန်က နေအိမ်ကို ယူကရိန်းထောက်ခံသူတွေက ဒီကနေ့ မနက်က ၀င်ရောက်သိမ်းပိုက်ခဲ့ပါတယ်။ သိမ်းပိုက်ထားသူတွေက (ဒီအဆောက်အဦးဟာ ကျုးကျော်သူတွေလက်ထဲက လွတ်မြောက်ပြီ။ ယူကရိန်းကို ရုရှားက အနိုင်ကျင့်သိမ်းဖို့လုပ်နေသလို မင်းတို့ပိုင်တာတွေ ယူကရိန်းကိုယ်စားပြန်သိမ်းလိုက်ပြီ)ဆိုတဲ့ စာတမ်းတွေ ချိတ်ဆွဲထားပါတယ်။
ယူကရိန်းနိုင်ငံတော်အလံတွေလည်း လွှင့်ထူထားတာတွေ့ရပါတယ်။ လန်ဒန်ရဲကတော့ အဆောက်အဦးကို မနက်အစောက လူတစုက အတင်း၀င်ရောက်သိမ်းပိုက်တယ်ဆိုတဲ့ ဖုန်းဆက်တိုင်ကြားချက်ရခဲ့ကြောင်းနဲ့ အသေးစိတ်ထုတ်ဖေါ်ပြောဆိုဖို့ငြင်းဆိုထားပါတယ်။