၁ မတ်လ ၂၀၂၂
ယူကရိန်းနယ်စပ် ရုရှားလေတပ်အခြေစိုက်စခန်းတခုမှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း ရုရှားသတင်းတွေက ဖေါ်ပြနေပါတယ်။ ယူကရိန်းနယ်စပ်က Taganrog လေတပ်အခြေစိုက်စခန်းကို ဒီကနေ့ နေ့လယ်က ယူကရိန်းကနေ Tochka-U ဒုံးကျည်နဲ့ပစ်ခတ်ခဲ့ပေမယ် ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က အောင်မြင်စွာဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားအစိုးရပိုင်သတင်းဌာနက ကြေညာပါတယ်။

ဒါပေမယ့် မျက်မြင်ဒေသခံတွေကတော့ ပေါက်ကွဲမှုနဲ့အတူ လေဆိပ်မှာ မီးခိုးလုံးတွေ ထွက်နေတယ်ဆိုပါတယ်။ ယူကရိန်းကတော့ တစုံတရာ သတင်းထုတ်ပြန်တာမတွေ့ရသေးဘူး။