ယူကရိန်းနိုင်ငံ Kharkov မြို့ကနေ မြို့တော်ကိယက်ဗ်ကို ချီတက်လာတဲ့ ရုရှားစစ်ကြောင်းကို တပ်လုံးပြုတ်တိုက်ခိုက်ခဲ့တဲ့ အထောက်အထားဗီဒီယိုကို ယူကရိန်းနယ်မြေခံတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
အခု တိုက်ပွဲဟာ ရုရှားတပ်တွေ နေရာတခုထဲမှာ အထိအနာဆုံးပွဲလို့ လည်း ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ မြို့တော်၀န်းကျင်က တပ်ရင်းတွေဆီပို့မယ့် လက်နက်ခဲယမ်းအားလုံး ဖျက်ဆီးခံရသလို အစာအစားဆေး၀ါးတွေပါ သိမ်းဆည်းမိတဲ့ တိုက်ပွဲလို့ ဆိုထားပါတယ်။