၅/၄/၂၀၂၂
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Kharkiv မြို့ကို သိမ်းပိုက်ဖို့ ထိုးစစ်ဆင်နေတဲ့ ရုရှားတပ်တွေကို အဓိက ထောက်ပို့ကူညီပေးနေတဲ့ တပ်ရင်းကို ယူကရိန်းဒရုန်းနဲ့ မြေပြင်အမြှောက်တပ်တွေက မေလ ၄ ရက်နေ့မှာ ချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။
လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအပါအ၀င် လက်နက်ခဲယမ်းမျိုးစုံနဲ့ လောင်စာဆီအားလုံးကို ဖေါက်ခွဲနိုင်ခဲ့တယ်လို့ ယူကရိန်း Kharkiv စစ်ဆင်ရေးဌာနက ဗီဒီယို သတင်းထုတ်ပြန်ထားပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ရုရှားတပ်တွေဟာ Kharkiv မြို့ကိုသိမ်းပိုက်မဲ့ ဗျုဟာကိုပြောင်းပြီး နောက်ပြန်ဆုတ်သွားပြီလို့ သတင်းတွေက ဖေါ်ပြပါတယ်။ Kharkiv မြို့ဟာ ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်ပါသည်။
BNN/Russia Vs Ukraine