• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ကြာသပတေး, ဇူလိုင် 7, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ရုရှားထောက်လှမ်းရေးအတွင်း သတင်းများ

3 လ ago
ရုရှားထောက်လှမ်းရေးအတွင်း သတင်းများ
0
SHARES
367
VIEWS

ငဖါးရောဂါနဲ့ သတင်းထိမ်ချန် ထိမ်းချုပ်မှု

ပူတင်နဲ့ အဆင်ပြေတဲ့ အဆင့်မြင့်စစ်ဗိုလ်ချုပ်တွေက စစ်မြေပြင်မဆင်းပဲ ပူတင်အလိုကျမယ့် သတင်းအချက်အလက်တွေကိုပဲ စစ်ရုံးချုပ်ကထုတ်ပြန်ပြောဆိုတဲ့အလုပ်လုပ်နေခဲ့တယ်။ ရုရှားအစိုးရသတင်းဌာနတွေကလည်း ပြည်သူတွေကို သတင်းမှန်မပေးပဲ ဝါဒဖြန့်သတင်းတွေကိုပဲ ထုတ်လွှင့်တင်ပြခဲ့တယ်။ လွတ်လပ်တဲ့သတင်းဌာနတွေကို ဖိအားပေးပိတ်ထားတယ်။


အကျိုးဆက်အနေနဲ့ တပ်အင်အားတွေ အများကြီးချထားပြီး တစုတစည်းထဲ တာ၀န်ခံအမိန့်ပေးမယ့် စစ်ခေါင်းဆောင်မရှိဘူး။ စစ်ဗိုလ်ချုပ်တွေ တပ်ဖွဲ့တွေအများကြီးတိုးချဲ့ထားပေမယ့် ပရမ်းပတာတွေဖြစ်ခဲ့သလို လေတပ်ကနေ ကြည်းတပ်ကို Friedly Fire အချင်းချင်းမှားပစ်တာတွေ၊ ရေတပ်က ဒုံးကျည်တွေက ရုရှားတပ်တွေကို မှန်တာတွေ ဖြစ်ခဲ့တယ်။ အချင်းချင်းမှားပစ်လို့ သေဆုံးရတာက ၂၀ ရာခိုင်နှုန်းအထိရှိခဲ့တာ တွေ့ရတယ်။ သတင်းတွေမှာ ရုရှားတပ်တွေက ချီတက်သွားတာ မြို့တွေကိုသိမ်းပိုက်တာတွေ ပြနေပေမယ့် သေဆုံးတာတွေ မှားပစ်တာတွေကို သတင်းထိမ်ချန်ထားတယ်။


စစ်ရုံးချုပ်က ဗိုလ်ချုပ်တွေရဲ့သတင်းမှားတင်ပြချက်တွေနဲ့ အစိုးရအာဘော်တွေကို ယုံကြည်သူတွေကြားမှာပဲ စစ်နိုင်နေပြီး မြေပြင်မှာတော့ စစ်သားတွေက အတုန်းအရုန်းသေနေရတယ်။ ဘယ်သူကမှလည်း စစ်ရှုံးနေပြီလို့ ကရင်မလင်ကို မပြောရဲဘူး။ စစ်နိုင်နေပြီဆိုပြီးတော့ စီးပွါးရေးပိတ်ဆို့တာကို တန်ပြန်မယ်ဆိုပြီး ကရင်မလင်က လုပ်လာတယ်။ ကရင်မလင်နဲ့နီးစပ်တဲ့ စီးပွါးရေးငဖါးတွေကလည်း သူတို့ ထင်ရာမြင်ရာတွေ လျှောက်ဖါးပြောနေရင်းနဲ့ အခြေအနေက ဆိုဗီယက်ခေတ်ထက်ဆိုးလာတယ်။

အရည်အသွေးမမှီတဲ့ လက်နက်တွေနဲ့ ခေတ်မမှီတဲ့ ဆက်သွယ်ရေးနည်းပညာ

ကမ္ဘာကြီးမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်ပြီး ဒုတိယအင်အားအကြီးဆုံးဆိုတဲ့ ရုရှားစစ်တပ်မှာ အမှန်တကယ်တော့ တပ်အချင်းချင်းဆက်သွယ်တာတောင် လုံခြုံစိတ်ချရတဲ့ နည်းပညာမသုံးနိုင်ပါဘူး။ အကောင်းဆုံးဆက်သွယ်ရေးနည်းပညာတွေ ကြားဖြတ်စက်တွေက ပူတင်ဖွဲ့ပေးထားတဲ့ ထောက်လှမ်းရေးတွေမှာပဲ တကယ်ရှိတယ်။ တပ်တွေမှာ မရှိဘူး။ အကျိုးဆက်က တပ်အရွှေ့အပြောင်းသတင်းတွေကို ယူကရိန်းက အလွယ်တကူ ကြားဖြတ်နားထောင်ပြီး ချေမှုန်းခံရတာပါပဲ။


ရုရှားစစ်ယာဥ်အားလုံးမှာ Z နဲ့ V စာလုံးတွေ ရေးထားတာဟာ စစ်ဆင်ရေးမှာ တပန်းရှုံးနေပြီဆိုတာ ကရင်မလင်က မသိဘူး။ သူတို့အကြိုက်ဝါဒဖြန့်ပေးသူတွေက လူငယ်တွေစုပြီး စည်းရုံးရေးအနေနဲ့ သုံးနေ ပေမယ့် စစ်မြေပြင်မှာ အဲဒီစာလုံးတွေက ပစ်မှတ်ဖြစ်ပြီး ယူကရိန်းဒရုန်းစာတွေ မိကုန်တော့တာပဲ။ တပတ်နဲ့အပြီးသတ်မယ့်စစ်ဆင်ရေးက မပြီးတော့တဲ့အချိန်ကျမှ ဟိုလူလွှဲချ ဒီလူလွှဲချဖြစ်လာတာ။ စစ်ပွဲအစမှာ ယူကရိန်းစစ်အခြေခံအဆောက်အဦးတွေကို ပစ်မှတ်ထားဖျက်ဆီးနိုင်ခဲ့ပေမယ့် ယူကရိန်းရဲ့ဆက်သွယ်ရေးလမ်းကြောင်းနဲ့ အင်တာနက်ကို မဖျက်ဆီးနိုင်ခဲ့သလို NATO က ကူလို့ အမေရိကန်က ကူလို့ ဆိုပြီး စစ်တပ်က အထက်ကိုအစီရင်ခံစာတင်တယ်။

အထက်ကစစ်ဗိုလ်ချုပ်တွေကလည်း ကရင်မလင်ကို အဲဒါတွေ ဆက်တင်။ ကရင်မလင်ကလည်း ရှိတဲ့စစ်လက်နက်တွေ အကုန်ထုတ်သုံးဖို့ ခွင့်ပြုပေးလိုက်တယ်။ ရှိတာတွေ ထုတ်သုံးဆိုတာ မော်စကိုစစ်ဗိုလ်ချုပ်တွေက ပိုကြိုက်တယ်။ အလွယ်တကူ ပစ်ပြလို့ရသလို အောက်ခြေတပ်တွေကို သိပ်ပြီး စကားပြော ရန်ဖြစ်နေစရာမလိုတော့ဘူး။ တပ်တွေ ခနပြန်ဆုတ်ခိုင်းပြီး ပစ်ပြနေရုံပဲ။ အခု တပ်တွေအဆုတ်ပြနေတာ အဲဒါလည်း ပါနိုင်ပါတယ်။


ဒါပေမယ့် စစ်ပွဲအလယ်မှာ အနောက်နိုင်ငံတွေရဲ့ နည်းပညာပိတ်ဆို့မှုတွေကြောင့် စစ်လက်နက်အပိုပစ္စည်းတွေက ဆက်လက်မထုတ်လုပ်နိုင်တော့ဘူး။ တိုင်၀မ်နဲ့ စင်္ကာပူက ပိတ်ဆို့တဲ့အထဲမှာ ပါတော့ ပစ်မှတ်ကို တိကျစွာပစ်ခတ်နိုင်မယ့် ပဲ့ထိမ်းစနစ်တွေမှာ အသုံးပြုရတဲ့ လျှပ်ကူးပစ္စည်းတွေထပ်မရတော့သလို ရေဒါတွေက ရာနှုန်းပြည့်အလုပ်မလုပ်တော့ဘူး။ အခု လူနေအိမ်တွေကိုထိမှန်တာတွေ ပန်းခြံတွေ ဆေးရုံတွေကို မှန်တာတွေဟာ တကယ်က အဲဒီ့အကျိုးဆက်တွေကြောင့် ဖြစ်ဖို့ ပိုများမယ်။ အစီရင်ခံစာတွေတင်တော့ ပစ္စည်းမရှိလို့ ဆိုတာကို အမှန်မတင်ပဲ ဆေးရုံတွေ အိမ်တွေမှာ ယူကရိန်းစစ်သားတွေရှိလို့ ပစ်ရ တယ်ဆိုပြီးလိမ်တင်ကြတယ်။ အဲဒီလို အဆင့်ဆင့်လိမ်တာတွေကို ကရင်မလင်ကလည်း ပူတင်အကြိုက်ထပ်လိမ်ပြီးတင်တော့တာပါပဲ။

တပ်တွင်းအဆင့်အတန်းကွာဟမှုနဲ့ ခြစားမှု

ယူကရိန်းကို ဝင်မတိုက်ခင်ကတည်းက နယ်စပ်မှာ တပ်ပေါင်းစုတယ်။ ကရင်မလင်က ပြောသလိုပဲ စစ်ရေးလေ့ကျင့်ဖို့ဆိုတာပဲ တပ်တွေက သိတယ်။ ကျန်တာ ဘာမှမသိဘူး။ ၀င်မတိုက်ဘူးလို့လည်း ခနခနပြောနေတော့ တပ်တွေကလည်း အေးဆေးပဲ။ အချိန်တန်ရင် တပ်ရင်းပြန်ရမယ်ပဲ ထင်ကြတယ်။ ကရင်မလင်ကအားကိုးတဲ့ တချို့တိုက်ခိုက်ရေးတပ်တွေကိုတော့ ယူကရိန်းမှာ တပ်စွဲထားတဲ့ NATO တပ်တွေကို မောင်းထုတ်ရမယ်ဆိုပြီး ပြောထားတယ်။


လက်တွေ့မှာက အရာရှိတွေက ဆီထုတ်ရောင်းစားတယ်။ ရိက္ခာတွေ ဖြတ်ယူတယ်။ အရာရှိအဆင့်ဆင့်က ဘယ်ကနေ ဘယ်လိုဖြတ်စားရမယ်ဆိုတာပဲ စဥ်းစားတယ်။ တပ်သားသစ်တွေ စုတယ်။ တပ်သားသစ်ရာရှင်တွေကနေ ဖြတ်ယူတယ်။ ကရင်မလင်က ပြောနေသလို မျိုးချစ်စိတ်တို့ ဘာတို့ စစ်တပ်မှာ တကယ်မရှိဘူး။ အဓိက က ကရင်မလင်နဲ့အဆင်ပြေတဲ့ သူဌေးတွေကိုကြည့်ပြီး တပ်အရာရှိ တွေက မကြည်ဘူး။

ထောက်လှမ်းရေးကိုလည်းကြောက်ရတော့ ဘာမှမပြောပဲ ရတာခိုးယူပြီး အေးရာအေးကြောင်းနေတဲ့အဆင့်ပဲရှိတယ်။ ယူကရိန်းကို ၀င်တိုက်ကြတော့ ဆိုတဲ့ အမိန့်ထုတ်ချိန်မှာ ရာရှင်ရတဲ့လောင်စာဆီက တ၀က်လောက်ကုန်နေပြီ။ ထွက်ပြေးသွားတဲ့ တပ်သားသစ်တွေ၊ မိဘတွေလာခေါ်လို့ ပြန်ပါသွားသူတွေက တ၀က်လောက်ရှိနေပြီ။ အဲဒီမှာရှိနေတဲ့ အောက်ခြေထောက်လှမ်းရေးက ပေးတဲ့သတင်းကို မော်စကို ထောက်လှမ်းရေးဌာနချုပ်ကလည်း ကရင်မလင်ကို အမှန်အတိုင်းမပြောရဲဘူး။ တပ်သားတွေထွက်ပြေးနေတာလဲအရာရှိတွေက ရာရှင်ပိုထုတ်ရတော့ ပိုကြိုက်တယ်။ အထက်ကို မတင်ပြဘူး။ တကယ်က ယူကရိန်းကို ဝင်မတိုက်ခင်ကတည်း က စစ်ထောက်လှမ်းရေးက လက်ရှိရာသီဥတုနဲ့ မြေသားအနေအထားအရ လေးလံတဲ့ရုရှားစစ်ယာဥ်တွေအတွက် သွားရလာရမလွယ်ဘူးဆိုတာ တင်ပြပြီးသား။ မြေပျော့တော့ တင့်ကားတွေအတွက်အဆင်မပြေဘူး။ ဒါပေမယ့် စစ်ရုံးချုပ်က ကရင်မလင်ကိုကြောက်တော့ အမှန်မပြောရဲဘူး။ စစ်ရုံးချုပ်ကလည်းမပြောတော့ ထောက်လှမ်းရေးအရာရှိတွေကလည်း မပြောတော့ဘူး။ ကရင်မလင်နဲ့ စစ်ရုံးချုပ်မှာ နောက်ဆုံးဆွေးနွေးပွဲလုပ်တော့ ထောက်လှမ်းရေးကလည်း ပူတင်က ၀င်တိုက်ချင်နေမှန်းသိတော့ ၀င်တိုက်ကျလို့အကောင်းဆုံးအခြေအနေပဲဆိုပြီး အစီရင်ခံစာတွေ တင်တယ်။ ပူတင်က နိုင်ငံသိမ်းတိုက်ပွဲကာလ ၁၄ ရက်ဆိုပြီး ဆုံးဖြတ်ချက်ချတယ်။ အားလုံးကလည်း အိုကေဆိုပြီး ၀င်တိုက်ခဲ့တာပဲ။

(ရုရှားထောက်လှမ်းရေးပေးစာများထဲက ကောက်နှုတ်ဖေါ်ပြခြင်းဖြစ်သည်)

BNN/Ukraine Vs Russia Issue

Tags: Breaking NewsRussiaUkrainewarနိုင်ငံတကာ
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

Interview

Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

ဇွန် 8, 2022
Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

BNN ၈/၆/၂၀၂၂ (Mr. X သည် မြန်မာ အပါအ၀င် အာဆီယံနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး အာဆီယံ အခြေစိုက် စီးပွါးရေး ကုမ္ပဏီကြီးတခု၌ လက်ရှိ အကြံပေးတာ၀န်ယူနေသူတဦးဖြစ်ပါသည်။) (BNN) "မြန်မာနိုင်ငံနဲ့ ယူကရိန်းအကြောင်း လွန်ခဲ့တဲ့...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

ဇွန် 3, 2022
နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

၂/၆/၂၀၂၂ ရုရှားကျူးကျော်တပ်တွေကို ခုခံနေတဲ့ ယူကရိန်းနယ်မြေခံတပ်ဖွဲ့တွေရဲ့ စိတ်ဓါတ်နဲ့ ယုံကြည်ချက်သာမက သူတို့ရဲ့ ကတုတ်ကျင်း ဖန်တီးတည်ဆောက်မှုတွေကိုပါ NATO အပါအဝင် နိုင်ငံတကာက အံ့အားသင့်လေးစားအသိအမှတ်ပြုနေကြရတယ်လို့ ဥရောပစစ်ရေးသတင်းတွေက ဖေါ်ပြပါတယ်။ မြေကတုတ်ကျင်းထဲမှာ ရေချိုးကန် အပူခန်း (Sauna) စတာတွေကို...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

မေ 31, 2022
အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

၃၀/၅/၂၀၂၂ ရုရှားမှာ စစ်သားစုဆောင်းရေးအစီအစဥ်တွေ ထင်သလိုဖြစ်မလာလို့ အကျဥ်းသားတွေကို ပြစ်ဒဏ်အစား ရှေ့တန်းထွက်စစ်မှုထမ်းဖို့ အပေးအယူလုပ်နေရတယ်လို့ လွတ်လပ်တဲ့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။ နှစ်တိုစာချုပ်နဲ့ အလုပ်လက်မဲ့လူငယ်တွေကို စစ်မှုထမ်းခိုင်းတဲ့အစီအစဥ်မအောင်မြင်သလို လူတိုင်းစစ်မှုမထမ်းမနေရဥပဒေကလည်း အောက်ခြေမှာ အကျင့်ပျက်လာဒ်စားမှုတွေကြောင့် သတ်မှတ်လူအင်အားမရဘူးဖြစ်နေတယ်ဆိုပါတယ်။ စာချုပ်အရ ရူဘယ်...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

ရုရှားရေနံတင်ပို့မှု ၃ ပုံ ၂ ပုံကျော်ကို EU က ဖြတ်တောက်မယ်

မေ 31, 2022
ရုရှားရေနံတင်ပို့မှု ၃ ပုံ ၂ ပုံကျော်ကို EU က ဖြတ်တောက်မယ်

၃၁/၅/၂၀၂၂ ရုရှားက ရေနံတင်ပို့နေမှုတွေရဲ့ ၃ ပုံ ၂ ပုံကျော်ကို ဥရောပအီးယူနိုင်ငံတွေက ပိတ်ဆို့ဖို့သဘောတူလိုက်ပြီဖြစ်ပါတယ်။ ပူတင်ရဲ့ကျူးကျော်စစ်အပေါ် ဒဏ်ခတ်တဲ့အနေနဲ့ ၆ ကြိမ်မြောက် အရေးယူပိတ် ဆို့တဲ့ အဆင့်မှာ အခုလို ရေနံတင်ပို့မှုတွေကို ပိတ်ဆို့ဖို့ဥရောပကောင်စီက မေလ...

Read more
by BNN Editor
0 Comments
Load More
Next Post
စမ်းချောင်း ၊ ပန်းလှိုင်လမ်း ရှိ TK House Restaurant ဗုံးခွဲတိုက်ခိုက်ခံရ

စမ်းချောင်း ၊ ပန်းလှိုင်လမ်း ရှိ TK House Restaurant ဗုံးခွဲတိုက်ခိုက်ခံရ

မုံရွာအကျဉ်းထောင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော် ဆန္ဒပြ မှု ဖြစ်ပွား

မုံရွာအကျဉ်းထောင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော် ဆန္ဒပြ မှု ဖြစ်ပွား

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.