၈/၃/၂၀၂၂
ရုရှားက ရေနံတင်သွင်းမှုကို အမေရိကန်က ပိတ်ပင်တော့မယ်လို့ အိမ်ဖြူတော်အခြေစိုက် သတင်းထောက်တွေက ပြောပါတယ်။ ယူကရိန်းကျုးကျော်စစ်ပွဲရပ်ဖို့ အမေရိကန်က တဆင့်ပြီး တဆင့်ပိတ်ဆို့လာပေမယ့် အခုထိ ရပ်ဆိုင်းခြင်းမရှိတဲ့အတွက် အခုလို ဆက်ပြီး အရေးယူပိတ်ဆို့တာလို့ ဆိုပါတယ်။

ရုရှားရေနံနဲ့လောင်စာတင်သွင်းမှုပိတ်ဆို့တာနဲ့ပတ်သက်လို့ သမ္မတဘိုင်ဒန်က ဒီကနေ့ ကြေညာဖို့ရှိတယ်လို့လည်း အိမ်ဖြူတော်သတင်းတွေက ဖေါ်ပြပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေအနေနဲ့ No Fly Zone သတ်မှတ်ဖို့ ခက်ခဲနေရင် ရုရှားကရေနံနဲ့လောင်စာဝယ်ယူနေတာတွေကို ချက်ခြင်းရပ်ဆိုင်းသင့်ကြောင်း ယူကရိန်းသမ္မတက မနေ့ညကတောင်းဆိုခဲ့ပါတယ်။
အမေရိကန်က အခုလို ရေနံပိတ်ဆို့လိုက်မယ်ဆိုရင် ရုရှားအတွက် ဒေါ်လာဘီလျံချီဆုံးရှုံးနိုင်သလို အမေရိကန်မှာလည်း လောင်စာစျေးနုံးတွေ အခုထက် မြင့်တက်လာမှာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ တခြားဥရောပနိုင်ငံတွေကတော့ ရုရှားကတင်သွင်းနေတာကို ပိတ်ဆို့တာမရှိသေးပဲ အခြေအနေစာင့်ကြည့်နေဆဲလို့ ဥရောပသတင်းတွေက ဖေါ်ပြပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံအားလုံးက တညီတညွတ်တည်း ပိတ်လိုက်မယ်ဆိုရင်တော့ ရုရှားစီးပွါးရေးဟာ လုံး၀ ရပ်သွားနိုင်သလို လောင်စာစျေးနုံးတွေလဲအဆမတန် မြင့်တက်လာမှာသေချာတယ်လို့ သတင်းတွေက ဖေါ်ပြပါတယ်။