၂၁/၃/၂၀၂၂
နိုင်ငံတော်လုံခြုံရေးတပ်က ဒုတပ်မှူးကို ဓါတ်ဆီအလွဲသုံးစားမှုနဲ့ ဖမ်းဆီးတာဖြစ်ပြီး နိုင်ငံရေးပြသနာကြောင့် မဟုတ်ပါဘူး
(ရုရှား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာန)
ရုရှားတပ်မတော်နဲ့ ထောက်လှမ်းရေးအဖွဲ့တွေဟာ စည်းကမ်းလိုက်နာတဲ့ ပရော်ဖက်ရှင်နယ်အဖွဲ့အစည်းတွေဖြစ်လို့ အာဏာသိမ်းမယ်ဆိုတဲ့ သတင်းတွေဟာ ရီစရာသတင်းတွေပါ
(နိုင်ငံခြားရေးပြောခွင့်ရ)
ကိယက်ဗ်မြို့တော်မှာ နေရာအနှံ့ပေါက်ကွဲမှုတွေဖြစ်ပြီး စျေးဆိုင်တန်းတွေ မီးလောင်တာဟာ ရုရှားက ပစ်ခတ်လို့မဟုတ်ပါဘူး။ မြို့တော်ကိုရုရှားတပ်က ဘာမှ ပစ်ခတ်ခဲ့တာမရှိပါဘူး (ရုရှားကာကွယ်ရေး၀န်ကြီးဌာန)
TV မှာ စစ်ဆန့်ကျင်ရေးစာတမ်းကိုင်ပြခဲ့တဲ့ အယ်ဒီတာ Marina Ovsyannikova ဟာ ဗြိတိန်ထောက်လှမ်းရေးက ငွေပေးထားတဲ့ သူလျိုဖြစ်နေတာတွေ့ရတယ်
(အစိုးရရုပ်သံဆွေးနွေးခန်း)
ဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာနဲ့တွဲပြီး ဆိုဗီယက်ရုရှားတွေ ပိုလန်တွေ ဂျုးတွေကို သတ်ခဲ့တဲ့ ယူကရိန်းအမျိုးသားရေးဝါဒီ Stepan Bandera ဦးဆောင်ပြီး လူထောင်ချီသတ်ဖြတ်ခဲ့တဲ့ ရာဇ၀တ်မှုကို ပြန်လည်စုံစမ်းဖေါ်ထုတ်ဖို့ အထူးကော်မတီဖွဲ့ထားပြီးပြီ။ ယူကရိန်းဟာ နာဇီတွေနဲ့လက်တွဲခဲ့သလို အခုလည်း နာဇီ၀ါဒကျင့်သုံးနေတယ်ဆိုတာ နိုင်ငံတကာကို သက်သေပြပါမယ် (ရုရှားစစ်တပ်သတင်းပြန်ကြားရေး)