• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ဗုဒ္ဓဟူး, ဇူလိုင် 6, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ရုရှားအစိုးရက ဘာတွေပြောနေလဲ

3 လ ago
ရုရှားအစိုးရက ဘာတွေပြောနေလဲ
0
SHARES
3
VIEWS

၃၀/၃/၂၀၂၂


ရုရှားကိုပိတ်ဆို့ရင်းနဲ့ အခု ဥရောပမှာ စီးပွါးရေးကျဆင်းမှုတွေစနေပါပြီ။ မကြာခင်မှာ ရုရှားက ဘာမှမဖြစ်ပဲ တကမ္ဘာလုံးစီးပွါးပျက်ကပ်ဆိုက်မယ့်အနေအထားနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။

(ရုရှားအမျိုးသားလုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌ)


နျူကလီးယားဘေးရန်က ကမ္ဘာကြီးပိုမို လုံခြုံရေးအတွက် ရုရှားနဲ့ပြန်လည်ဆွေးနွေးဖို့ အမေရိကန်ကို တောင်းဆိုပါတယ်။ (အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်)


ရုရှားက တင်ပို့ရောင်းချတဲ့ပစ္စည်းမှန်သမျှ ရုရှားငွေနဲ့ပဲ ၀ယ်ရမယ်ဆိုတာကို ဥပဒေပြဌာန်းမယ်။ ကမ္ဘာမှာ ရုရှားငွေမရှိရင် ဘာမှ လုပ်လို့မရဘူးဆိုတာ သိအောင်လုပ်ပြဖို့ လိုနေပြီ။ (လွှတ်တော်ပြောခွင့်ရ)


ရုရှားဟာ နိုင်ငံတကာစည်းမျဥ်းစည်းကမ်းတွေကို အတိအကျလိုက်နာတဲ့နိုင်ငံဖြစ်လို့ ယူကရိန်းစစ်သားတွေအနေနဲ့ လက်နက်ချမယ်ဆိုရင် တစုံတရာထိခိုက်နစ်နာမှုမရှိစေရဘူးဆိုတာ ကတိပေးပါတယ်။ (ကုလရုရှားအမြဲတမ်းကိုယ်စားလှယ်)


ယူကရိန်းမှာ ရုရှားတပ်သားတွေကို ထိခိုက်နစ်နာအောင်လုပ်သူမှန်သမျှကို ရာဇ၀တ်မှုနဲ့ ခုံရုံးတင်ဖို့ ပြင်ဆင်နေပါတယ်။ (ရုရှား အထူးစုံစမ်းစစ်ဆေးရေးခေါင်းဆောင်)

ရုရှားစစ်သုံ့ပန်းတွေကို ယူကရိန်းတပ်က ပစ်သတ်နေတာဟာ တကယ့်ဖြစ်ရပ်အမှန်ပါ၊ ရုရှားက ယူကရိန်းအယောင်ဆောင်ပြီး ရိုက်ကူးထားတဲ့ ဝါဒဖြန့် ဗီဒီယိုမဟုတ်ပါဘူး။ ရုရှားစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ ဝါဒဖြန့်တဲ့ နိုင်ငံရေးအလုပ် မလုပ်တတ်ကြပါဘူး။ စစ်သုံ့ပန်းတွေကို သတ်ဖြတ်တဲ့ ယူကရိန်းစစ်သားတွေကို ဖမ်းဆီးပြီး ရုရှားကို လွှဲပြောင်းပေးဖို့တောင်းဆိုထားပါတယ်။

(စစ်တပ်ပြောခွင့်ရ)

Tags: Breaking NewsRussiaUkraineနိုင်ငံတကာ
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

Interview

Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

ဇွန် 8, 2022
Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

BNN ၈/၆/၂၀၂၂ (Mr. X သည် မြန်မာ အပါအ၀င် အာဆီယံနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး အာဆီယံ အခြေစိုက် စီးပွါးရေး ကုမ္ပဏီကြီးတခု၌ လက်ရှိ အကြံပေးတာ၀န်ယူနေသူတဦးဖြစ်ပါသည်။) (BNN) "မြန်မာနိုင်ငံနဲ့ ယူကရိန်းအကြောင်း လွန်ခဲ့တဲ့...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

ဇွန် 3, 2022
နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

၂/၆/၂၀၂၂ ရုရှားကျူးကျော်တပ်တွေကို ခုခံနေတဲ့ ယူကရိန်းနယ်မြေခံတပ်ဖွဲ့တွေရဲ့ စိတ်ဓါတ်နဲ့ ယုံကြည်ချက်သာမက သူတို့ရဲ့ ကတုတ်ကျင်း ဖန်တီးတည်ဆောက်မှုတွေကိုပါ NATO အပါအဝင် နိုင်ငံတကာက အံ့အားသင့်လေးစားအသိအမှတ်ပြုနေကြရတယ်လို့ ဥရောပစစ်ရေးသတင်းတွေက ဖေါ်ပြပါတယ်။ မြေကတုတ်ကျင်းထဲမှာ ရေချိုးကန် အပူခန်း (Sauna) စတာတွေကို...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

မေ 31, 2022
အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

၃၀/၅/၂၀၂၂ ရုရှားမှာ စစ်သားစုဆောင်းရေးအစီအစဥ်တွေ ထင်သလိုဖြစ်မလာလို့ အကျဥ်းသားတွေကို ပြစ်ဒဏ်အစား ရှေ့တန်းထွက်စစ်မှုထမ်းဖို့ အပေးအယူလုပ်နေရတယ်လို့ လွတ်လပ်တဲ့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။ နှစ်တိုစာချုပ်နဲ့ အလုပ်လက်မဲ့လူငယ်တွေကို စစ်မှုထမ်းခိုင်းတဲ့အစီအစဥ်မအောင်မြင်သလို လူတိုင်းစစ်မှုမထမ်းမနေရဥပဒေကလည်း အောက်ခြေမှာ အကျင့်ပျက်လာဒ်စားမှုတွေကြောင့် သတ်မှတ်လူအင်အားမရဘူးဖြစ်နေတယ်ဆိုပါတယ်။ စာချုပ်အရ ရူဘယ်...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

ရုရှားရေနံတင်ပို့မှု ၃ ပုံ ၂ ပုံကျော်ကို EU က ဖြတ်တောက်မယ်

မေ 31, 2022
ရုရှားရေနံတင်ပို့မှု ၃ ပုံ ၂ ပုံကျော်ကို EU က ဖြတ်တောက်မယ်

၃၁/၅/၂၀၂၂ ရုရှားက ရေနံတင်ပို့နေမှုတွေရဲ့ ၃ ပုံ ၂ ပုံကျော်ကို ဥရောပအီးယူနိုင်ငံတွေက ပိတ်ဆို့ဖို့သဘောတူလိုက်ပြီဖြစ်ပါတယ်။ ပူတင်ရဲ့ကျူးကျော်စစ်အပေါ် ဒဏ်ခတ်တဲ့အနေနဲ့ ၆ ကြိမ်မြောက် အရေးယူပိတ် ဆို့တဲ့ အဆင့်မှာ အခုလို ရေနံတင်ပို့မှုတွေကို ပိတ်ဆို့ဖို့ဥရောပကောင်စီက မေလ...

Read more
by BNN Editor
0 Comments
Load More
Next Post
စစ်ဆင်ရေးလျှော့ချရုပ်သိမ်းမယ်ဆိုတဲ့ ရုရှားအပြောကို အနောက်နိုင်ငံတွေနဲ့ ယူကရိန်းက လက်မခံ

စစ်ဆင်ရေးလျှော့ချရုပ်သိမ်းမယ်ဆိုတဲ့ ရုရှားအပြောကို အနောက်နိုင်ငံတွေနဲ့ ယူကရိန်းက လက်မခံ

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနအကြံပေးရဲ့ အရေးပေါ်ခရီးစဥ်

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနအကြံပေးရဲ့ အရေးပေါ်ခရီးစဥ်

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.