• ရုပ်သံထုတ်လွှင့်မှုများ
  • လူမှုကွန်ရက်ပေါ်ကစာစုများ
  • သိပ္ပံနှင့်နည်းပညာ
  • အတွေးအမြင်
SUBSCRIBE
No Result
View All Result
BNN

| Burma News Network

ကြာသပတေး, ဇူလိုင် 7, 2022
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish
Menu
BNN

| Burma News Network

No Result
View All Result
BNN
No Result
View All Result

ရုရှားအစိုးရပိုင်သတင်းဌာနတွေက နာမည်ကြီး သတင်းတင်ဆက်သူတွေ နုတ်ထွက်

4 လ ago
ရုရှားအစိုးရပိုင်သတင်းဌာနတွေက နာမည်ကြီး သတင်းတင်ဆက်သူတွေ နုတ်ထွက်
0
SHARES
5
VIEWS

၁၅/၃/၂၀၂၂


ရုရှားအစိုးရဝါဒဖြန့်သတင်းတွေထုတ်လွှင့်ပေးနေတဲ့ သတင်းဌာနတွေက နာမည်ကြီးသတင်းတင်ဆက်သူတွေ အယ်ဒီတာတွေ ရာထူးတွေကနေ အပြိုင်အဆိုင်နုတ်ထွက်နေကြတယ်လို့ မော်စကိုလွတ်လပ်တဲ့ သတင်းဌာနတွေက ပြောပါတယ်။ အစိုးရအာဘော်တွေ စီစဥ်ထုတ်လွှင့်တဲ့ NTV ရုပ်သံသတင်းဌာနက နာမည်ကြီး အစီအစဥ်တင်ဆက်သူ Lilia Gildeyeva ဟာ ဒီကနေ့ ရုရှားကနေ တူရကီကို ရိုက်ကူးရေးအစီအစဥ်နဲ့ ထွက်ခွါခဲ့ပြီး တူရကီအရောက်မှာ အလုပ်ကနုတ်ထွက်ကြောင်းနဲ့ ပြန်လာတော့မှာမဟုတ်ကြောင်း NTV ဘုတ်ဒါရိုက်တာအဖွဲ့ကို အကြောင်းကြားခဲ့တယ်ဆိုပါတယ်။


Lilia Gildeyeva ဟာ ၂၀၀၆ ခုနှစ်ကတည်းက NTV ရုပ်သံသတင်းဌာနမှာ သတင်းစီစဥ်တင်ဆက်သူအဖြစ်တာ၀န်ယူခဲ့ပြီး မနှစ်က သမ္မတပူတင်ရဲ့ သတင်းသူရဲကောင်းဆု ချီးမြှင့်ခံထားရသူဖြစ်ပါတယ်။
Lilia Gildeyeva ရဲ့ နုတ်ထွက်လွှာမှာ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုအပေါ် သဘောမတူနိုင်သလို သတင်းမှားတွေ အစိုးရထုတ်ပြန်ခိုင်းတဲ့သတင်းတွေကို တင်ဆက်နေရတာ ပြည်သူအပေါ် သစ္စာဖေါက်ရာကျလွန်းနေတဲ့အတွက် အလုပ်ကနုတ်ထွက်တာလို့ ဖေါ်ပြထားပါတယ်။

အလားတူ NTV အပါအ၀င် တခြားအစိုးရအာဘော်တွေထုတ်လွှင့်နေတဲ့သတင်းဌာနတွေက နာမည်ကြီးသတင်းတင်ဆက်သူတွေ အယ်ဒီတာတွေလည်း နုတ်ထွက်လွှာတွေတင်ထားကြတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ
https://fb.watch/bMW8uC7Hn-/

Tags: Breaking NewsRussiaUkrainewar
BNN Editor

BNN Editor

BNN Editor သည် အကြီးတန်း တာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက်ဖြစ်သည်။ BNN ဝဘ်ဆိုဒ်အတွက် သတင်းများ တင်ဆက်ပေးနေသူဖြစ်သည်။

ဆက်စပ်နေသော ရေးသားချက်များ

Interview

Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

ဇွန် 8, 2022
Mr. X နှင့် ဆက်သွယ်မေးမြန်းချက် ပထမပိုင်း

BNN ၈/၆/၂၀၂၂ (Mr. X သည် မြန်မာ အပါအ၀င် အာဆီယံနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး အာဆီယံ အခြေစိုက် စီးပွါးရေး ကုမ္ပဏီကြီးတခု၌ လက်ရှိ အကြံပေးတာ၀န်ယူနေသူတဦးဖြစ်ပါသည်။) (BNN) "မြန်မာနိုင်ငံနဲ့ ယူကရိန်းအကြောင်း လွန်ခဲ့တဲ့...

Read more
by BNN Editor
0 Comments
ရုရှား – ယူကရိန်း ကျူးကျော်စစ်

နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

ဇွန် 3, 2022
နိုင်ငံတကာက အံ့အားသင့်ရသည့် ယူကရိန်းကတုတ်ကျင်းများ

၂/၆/၂၀၂၂ ရုရှားကျူးကျော်တပ်တွေကို ခုခံနေတဲ့ ယူကရိန်းနယ်မြေခံတပ်ဖွဲ့တွေရဲ့ စိတ်ဓါတ်နဲ့ ယုံကြည်ချက်သာမက သူတို့ရဲ့ ကတုတ်ကျင်း ဖန်တီးတည်ဆောက်မှုတွေကိုပါ NATO အပါအဝင် နိုင်ငံတကာက အံ့အားသင့်လေးစားအသိအမှတ်ပြုနေကြရတယ်လို့ ဥရောပစစ်ရေးသတင်းတွေက ဖေါ်ပြပါတယ်။ မြေကတုတ်ကျင်းထဲမှာ ရေချိုးကန် အပူခန်း (Sauna) စတာတွေကို...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

မေ 31, 2022
အကျဥ်းသားတွေကို စစ်မြေပြင်ပို့နေရသည့် ရုရှား

၃၀/၅/၂၀၂၂ ရုရှားမှာ စစ်သားစုဆောင်းရေးအစီအစဥ်တွေ ထင်သလိုဖြစ်မလာလို့ အကျဥ်းသားတွေကို ပြစ်ဒဏ်အစား ရှေ့တန်းထွက်စစ်မှုထမ်းဖို့ အပေးအယူလုပ်နေရတယ်လို့ လွတ်လပ်တဲ့ ရုရှားသတင်းတွေက ဖေါ်ပြပါတယ်။ နှစ်တိုစာချုပ်နဲ့ အလုပ်လက်မဲ့လူငယ်တွေကို စစ်မှုထမ်းခိုင်းတဲ့အစီအစဥ်မအောင်မြင်သလို လူတိုင်းစစ်မှုမထမ်းမနေရဥပဒေကလည်း အောက်ခြေမှာ အကျင့်ပျက်လာဒ်စားမှုတွေကြောင့် သတ်မှတ်လူအင်အားမရဘူးဖြစ်နေတယ်ဆိုပါတယ်။ စာချုပ်အရ ရူဘယ်...

Read more
by BNN Editor
0 Comments
နိုင်ငံတကာ

ရုရှားရေနံတင်ပို့မှု ၃ ပုံ ၂ ပုံကျော်ကို EU က ဖြတ်တောက်မယ်

မေ 31, 2022
ရုရှားရေနံတင်ပို့မှု ၃ ပုံ ၂ ပုံကျော်ကို EU က ဖြတ်တောက်မယ်

၃၁/၅/၂၀၂၂ ရုရှားက ရေနံတင်ပို့နေမှုတွေရဲ့ ၃ ပုံ ၂ ပုံကျော်ကို ဥရောပအီးယူနိုင်ငံတွေက ပိတ်ဆို့ဖို့သဘောတူလိုက်ပြီဖြစ်ပါတယ်။ ပူတင်ရဲ့ကျူးကျော်စစ်အပေါ် ဒဏ်ခတ်တဲ့အနေနဲ့ ၆ ကြိမ်မြောက် အရေးယူပိတ် ဆို့တဲ့ အဆင့်မှာ အခုလို ရေနံတင်ပို့မှုတွေကို ပိတ်ဆို့ဖို့ဥရောပကောင်စီက မေလ...

Read more
by BNN Editor
0 Comments
Load More
Next Post
” ယူကရိန်းသမ္မတရဲ့ အရည်အချင်းဟုဆိုသည်”

''ယူကရိန်းသမ္မတရဲ့ အရည်အချင်းဟုဆိုသည်''

၁ ပတ်အတွင်း အမေရိကန်ကနေ ယူကရိန်းကို ကူညီတဲ့ စစ်လက်နက်တန်ဖိုး (၁) ဘီလျံကျော်ပြီ

၁ ပတ်အတွင်း အမေရိကန်ကနေ ယူကရိန်းကို ကူညီတဲ့ စစ်လက်နက်တန်ဖိုး (၁) ဘီလျံကျော်ပြီ

BNN

| Burma News Network

BNN ကိုဘာကြောင့်ယုံကြည်နိုင်သလဲ။

အသုံးပြုရန်စည်းမျဥ်းကိုယ်ရေးအချက်အလက်လုံခြုံမှုမူဝါဒပူးတွဲဝန်ဆောင်မှုများ BNN ကိုဆက်သွယ်ရန်

Copyright © 2022 BNN | Burma News Network. All right reserved. ပြင်ပဝက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာများအတွက် BNN က တာဝန်မယူပါ။ ပြင်ပဝက်ဆိုက်များကို လင့် ထည့်ပေးခြင်းနှင့် ပတ်သက်သော BNN လုပ်ထုံးလုပ်နည်းကို ဖတ်ရန်

No Result
View All Result
  • ပင်မစာမျက်နှာ
  • မြန်မာ့ရေးရာ
  • နွေဦးတော်လှန်ရေး
  • နိုင်ငံတကာ
  • စီးပွားရေး
  • ဆောင်းပါး
  • အယ်ဒီတာ့အာဘော်
  • ဆယ်လီကမ္ဘာ
  • လူမှုဘဝ
  • ကိုဗစ်-19
  • မြန်မာမြန်မာ
    • မြန်မာမြန်မာ
    • EnglishEnglish

© 2021 BNN | Burma News Network. All right reserved.