၁၇/၃/၂၀၂၂
ရုရှားရဲ့ အားကစားရု
ပ်သံချယ်နယ်မှာ ဘောလီဘောပြိုင်ပွဲပြသနေစဥ် ပူတင်ရဲ့ကျုးကျော်စစ်အကြောင်းရိုက်ကူးထားတဲ့ ဗီဒီယိုပေါ်လာတဲ့အတွက် TV ထုတ်လွှင့်မှုရပ်ဆိုင်းလိုက်ရကြောင်း မော်စကိုက လွတ်လပ်တဲ့ သတင်းဌာနတွေက ဖေါ်ပြပါတယ်။
အခုရက်ပိုင်းမှာ ရုရှားမှာ နာမည်ကြီးရုပ်သံသတင်းကြေညာသူတွေက တိုက်ရိုက်ပြသနေချိန်မှာ စစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖေါ်တာတွေ ရာထူးကနုတ်ထွက်တာတွေ များလာသလို ရုပ်သံချယ်နယ်တွေမှာ ဆိုလည်း အစီအစဥ်တွေ ပြနေတုံး ပူတင်ရဲ့ကျုးကျော်စစ်ဗီဒီယိုတွေ ကြားဖြတ်ပေါ်လာတာတွေ ဖြစ်နေလို့ ရုပ်သံကြည့်ရှုသူတွေ စံချိန်တင်များလာတယ်လို့လည်း မော်စကိုက သတင်းသမားတွေက ပြောပါတယ်။
ရုရှားစစ်တပ်က လူနေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာတွေ၊ရုရှားတပ်တွေလက်နက်ချထွက်ပြေးတာတွေ၊ ရုရှားတင့်ကားတွေ ရာချီပျက်စီးနေတာတွေကို အစိုးရက သတင်းအမှောင်ချထားပေမယ့် အခုဆိုရင် ကြားဖြတ်ပေါ်လာတဲ့ ဗီဒီယိုတွေကြောင့် လူတွေက သိလာကြပြီလို့လည်း ပြောပါတယ်။ ရုပ်သံထုတ်လွှင့်မှုအားလုံးကိုတောင် ရုရှားအစိုးရက ရပ်ဆိုင်းကောင်းရပ်ဆိုင်းနိုင်တယ်လို့လည်း မော်စကိုက သတင်းသမားတွေက ပြောပါတယ်။